Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
Backpacking in ရန်ကုန် – Tourism Myanmar
Skip to content

Backpacking in

ရန်ကုန်မြို့

စိတ်ဝင်စားဖွယ်ရာများ

  • ရန်ကုန်မြို့၏အကောင်းဆုံး (၃) ရက်ခရီးစဉ်
  • လည်ပတ်သူများ ကြိုတင်သိထားသင့်သည့်အချက်
  • ရန်ကုန်မြို့၏ ညအလှ

ပထမနေ့ – မော်လမြိုင်မြို့သို့ သွားရောက်လည်ပတ်ခြင်း။

ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ဘက်(စ်)ကား (သို့မဟုတ်) တက္ကစီ များဖြင့် သွားရောက် လည်ပတ်ရန်နိုင်ပါသည်။ ခရီးစဉ်ကြာချိန်မှာ (၅) နာရီခန့်သာ ကြာမြှင့်မည်ဖြစ်ပြီး ခရီးစဉ် တစ်လျောက် သဘာဝအလှအပများကို ကြည့်ရှု့ခံစားနိုင်ပါသည်။ မော်လမြိုင်မြို့သို့ ရောက်ရှိပြီးနောက် ဟိုတယ်တွင် စိတ်အေးချမ်းသာစွာ အနာယူနိုင်ပါသည်။ ထို့နောက် မြို့တွင်း သို့ သွားရောက်လည်ပတ်နိုင်သည်။ မော်လမြိုင်မြို့တွင် နွားလဘို့တောင်စေတီ၊ ဖားအောက် တောရ ဘုန်းတော်ကြီးကျောင်း၊ ကျိုက်သလ္လံစေတီတော် နှင့် St. Matthew’s Church ကျောင်း စသည့် စိတ်ဝင်စားစရာနေရာအများအပြားရှိပါသည်။ ၁၉၀၈ ခုနှစ်ကတည် ဆောက်ခဲ့သည့် ကိုလိုနီခေတ်အကျဉ်းထောင်လည်းရှိပါသည်။ ယခုပဲ သွားရောက် လည်ပတ်ကြည့်ရန် ဖိတ်ခေါ်ပါသည်။

ဒုတိယနေ့ – ကျိုက်ထီးရိုးဘုရားသို့ သွားရောက်လည်ပတ်ခြင်း

ဒုတိယနေ့မှာ အဆာပြေ နံနက်စာ စားပြီးသည့်နောက် တက္ကစီ သို့မဟုတ် ဘက်(စ်) ကား ဖြင့် ကျိုက်ထီးရိုးဘုရားသို့ သွားရောက်လည်ပတ်ပါမည်။ ဘက်(စ်)ကားဖြင့် ကျိုက်ထီးရိုးဘုရား တောင်ခြေရှိ ကင်းမွန်စခန်းအထိ သွားရောက်နိုင်ပြီး ထိုမှတဆင့် မော်တော်ဆိုင်ကယ်ဖြင့် ရတအောင်ဂိတ်အထိ သွားရောက်နိုင်ပါသည်။ ထိုနောက် တောင်တက်ကားဖြင့် ဘုရားပေါ်သို့ သွားရောက်ဖူးမျှော်နိုင်ပါသည်။ ခရီးစဉ်တွင် ပွဲလမ်းသဘင်နှင့် ပျော်စရာကောင်းလှပါသည်။ ကျိုက်ထီးရိုးဘုရားတွင် တန်ဖိုးရှိစွာအချိန်ကုန်ဆုံးပြီးနောက်တွင် မော်လမြိုင်မြို့သို့ ပြန်လည် အနားယူနိုင်ပါသည်။

တတိယနေ့ – ရန်ကုန်မြို့တွင်းသွားရောက်လည်ပတ်ခြင်း။

တတိယနေ့နံနက်စောစောတွင် ရန်ကုန်မြို့သို့ပြန်လာပြီး မြို့တွင်းသွားရောက်လည် ပတ်နိုင် ပါသည်။ ရန်ကုန်မြို့၏ အထင်ကရ ရွှေတိဂုံစေတီ၊ ဆူးလေဘုရား၊ ကန်တော်ကြီး ဥယျာဉ်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် စွယ်တော်မြတ်စေတီ များသို့ သွားရောက်လည်ပတ် နိုင်ပါသည်။ ရန်ကုန်မြို့တွင် အရသာကောင်းမွန်သော လမ်းဘေးအစားသောက်များလည်းရှိ ပါသည်။ ထို့ကြောင့်ဒေသတွင်းရှိ စစ်မှန်ကောင်းမွန်သောနေရာများကို သွားရောက်လေ့လာဖို့ မမေ့ပါနှင့်။

Popular in Yangon Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED