နောက်ခံသမိုင်းကြောင်း
ဓမ္မရံကြီးဘုရားသည် ပုဂံတွင်ထုထည်အကြီးမားဆုံး ဘုရားဖြစ်ပါသည်။ ဓမ္မရံကြီးဘုရား သည် လှိုဏ်ဘုရားအမျိုးအစားဖြစ်ပြီး၊ ၁၁၆၇ ခုနှစ် နှင့် ၁၁၇၀ ပြည့်နှစ်အတွင်း နရသူမင်းက တည်ထားခဲ့ပါသည်။ နရသူမင်းသည် မာန်မာနကြီး၍ခက်ထန်သော မင်းတပါးအဖြစ် ပုဂံရာဇာဝင် တွင် သမိုင်းတွင်သည်။ ဓမ္မရံကြီးဘုရားကို အဝေးမှကြည့်ပါက အီဂျစ်နိုင်ငံရှိ ပိရမစ်တစ်ခုသဖွယ် ထင်မြင်ရပါသည်။ မြို့ရိုးမှနေ၍ တစ်ကီလိုမီတာခန့်ဝေးပြီး၊ အချို့အမိုးခုံးများမှာ အပြီးမသတ် နိုင်ခဲ့သော်လည်း ဘုရားကြီး၏ အစိတ်အပိုင်းအချို့မှာ ယခုတိုင်လက်ရာမပျက် တည်ရှိနေဆဲဖြစ် သည်။
ဘာကြောင့်လည်ပတ်သင့်
ဓမ္မရံကြီးဘုရားသည် ပုဂံတွင် အကြီးမားဆုံးဘုရားတစ်ဆူဖြစ်ပြီး ထောင့်လေးထောင့်မှ မြင့်တက်သွားမှုသည် ဉာဏ်တော် ၇၇.၇ မီတာအထိ မြင့်ပါသည်။ ဝင်ပေါက်လေးပေါက်တို့တွင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူစီရှိပြီး အာနန္ဒာဘုရားတည်ထားပုံနှင့်ဆင်တူပါသည်။ ဓမ္မရံကြီး ဘုရား၏ အုတ်စီလက်ရာသည် အထူးကောင်းမွန်သဖြင့် လေ့လာဖွယ်ကောင်းလှပါသည်။
ဘယ်အချိန်သွားရောက်လည်ပတ်သင့်
ပုဂံကို တစ်နှစ်တာပတ်လုံးသွားရောက်လည်ပတ်နိုင်ပါသည်။
HOW TO GET THERE
- ပုဂံသို့ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးအားလုံးမှ လေကြောင်းဖြင့် သွားလာနိုင်သည်။ ပုဂံတွင်ရှိသော လေဆိပ်သည် ညောင်ဦးလေဆိပ်ဖြစ်ပြီး အနီးဆုံးအပြည်ပြည်ဆိုင်ရာ လေဆိပ်များ မှာ ရန်ကုန်နှင့် မန္တလေးတို့ဖြစ်သည်။ ပုဂံသို့ ရန်ကုန်မှသွားလျှင် လေကြောင်းပျံသန်းချိန်သည် ၁ နာရီနှင့် မိနစ် ၂၀ ကြာမြင့်နိုင်ပြီး မန္တလေးမှသွားလျှင် မိနစ် ၂၀ သာ ကြာမြင့်သည်။
- ပုဂံသည် မြန်မာနိုင်ငံ၏ ကျန်ရှိနေသောမြို့များကို ကုန်းလမ်းဖြင့် ကောင်းစွာဆက်သွယ်ထား သည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားသောမြို့များမှ ပုံမှန်အဝေးပြေးကားများ ပြေးဆွဲလျက်ရှိသည်။ ရန်ကုန်မှ ပုဂံသို့ ခရီးစဉ်သည် ၉ နာရီမှ ၁၀ နာရီအထိ ကြာမြင့်ပြီး ယေဘုယျအားဖြင့် ညဘက်တွင် ပြေးဆွဲလေ့ရှိသည်။
- မန္တလေးမှ ပုဂံသို့ နေ့စဉ် နံနက် ၇ နာရီတွင် ပြေးဆွဲသောသင်္ဘောများရှိပြီး ပုဂံသို့ ရောက်ရန် ၈နာရီခန့်ကြာသည်။ ၎င်းသည် သာယာလှပသော ခရီးစဉ်များထဲမှ တစ်ခုဖြစ်ပြီး အားလပ်ချိန်ရှိပါက သွားရောက် လည်ပတ်ရန် အထူးအကြံပြုလိုပါသည်။
- ပုဂံဒေသသို့ ရထားဖြင့်လည်း သွားရောက်လည်ပတ်နိုင်သည်။ ရန်ကုန်မှ ညနေ ၄ နာရီခန့်တွင် ထွက်ခွာပြီး ပုဂံသို့ နောက်နေ့နံနက် ၁၀ နာရီခန့်တွင်ရောက်သော ညရထားများလည်း နေ့စဉ် ပြေးဆွဲလျက်ရှိသည်။ မန္တလေးနှင့် ပုဂံသို့ ပြေးဆွဲသောရထားများလည်းရှိပြီး ၇ နာရီခန့် ကြာမြင့် သည်။