နောက်ခံသမိုင်းကြောင်း
ဘူးဘုရား (“ဘူး”ဆိုသည်မှာ “ဘူးသီး”ကိုဆိုလိုခြင်းဖြစ်ပြီး “ဘုရား”မှာ “ဘုရား” ဖြစ်ပါ သည်။) ကို ပျူစောထီးမင်းက တည်ထားခဲ့ပြီး ဧရာဝတီမြစ်ကမ်းနဖူးတွင် တည်ရှိပါသည် ပျူစောထီးမင်းသည် ပုဂံမင်းဆက်၏ တတိယမြောက်မင်းဖြစ်ပြီး (၃)ရာစု အကုန်ခန့်တွင် ထီးနန်းစိုးစံခဲ့ပါသည်။ ထင်ရှားသော ရှေးဟောင်းသမိုင်းဝင်နေရာများကမူ (၉) ရာစုနှင့် (၁၁) ရာစုခန့်တွင် ပေါ်ပေါက်ခဲ့သည်။ (အသီးသီးအားဖြင့် ပုဂံမြို့တော် တည်ထောင်ခြင်းနှင့် မြို့ရိုး တည်ဆောက်ခြင်းတို့ဖြစ်ပါသည်။) ဒဏ္ဍာရီလာအရ ပျူစောထီးမင်းသည် ပုဂံမင်းဆက်တည်တံ့ရေး အတွက် ရန်ငါးမျိုးကို နှိမ်နင်းအောင်မြင်ခဲ့ ကြောင်းသိရသည်။ မူလဘုရားပုံစံသည် အိန္ဒိယ လက်ရာပုံစံမှ ဆင်းသက်သော ပျူခေတ်ပုံစံ ဖြစ်ပါသည်။ ၁၉၇၅ ခုနှစ် ပုဂံငလျင်တွင် ဘူးဘုရား သည် ဧရာဝတီမြစ်အတွင်းသို့ ပြိုကျပျက်စီးခဲ့ရသည်။
ဘာကြောင့်လည်ပတ်သင့်
ဧရာဝတီမြစ်ပေါ်မှ နေဝင်ချိန်ရှုခင်းကို ဘူးဘုရားမှ အကောင်းဆုံးအနေအထားဖြင့် ကြည့်ရှုနိုင်ပြီး မြစ်ကမ်းပေါ်မှနေ၍ ရှုခင်းကို ရှင်းလင်းစွာမြင်နိုင်ပါသည်။ ၎င်းနေရာမှ ဝင်လု ဆဲဆဲနေကို လက်ပေါ်တွင် တင်ထားဟန် ဓာတ်ပုံကို ရိုက်ကူးနိုင်ပါသည်။ဘယ်အချိန်သွားရောက်လည်ပတ်သင့်
ပုဂံကို တစ်နှစ်တာပတ်လုံးသွားရောက်လည်ပတ်နိုင်ပါသည်။သွားလာလည်ပတ်နိုင်သော နည်းလမ်းများ
- ပုဂံသို့ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးအားလုံးမှ လေကြောင်းဖြင့် သွားလာနိုင်သည်။ ပုဂံတွင်ရှိသောလေဆိပ်သည် ညောင်ဦးလေဆိပ်ဖြစ်ပြီး အနီးဆုံးအပြည်ပြည်ဆိုင်ရာလေဆိပ် များမှာ ရန်ကုန်နှင့် မန္တလေးတို့ဖြစ်သည်။ ပုဂံသို့ ရန်ကုန်မှသွားလျှင် လေကြောင်းပျံသန်းချိန် သည် ၁ နာရီနှင့် မိနစ် ၂၀ ကြာမြင့်နိုင်ပြီး မန္တလေးမှသွားလျှင် မိနစ် ၂၀ သာ ကြာမြင့်သည်။
- ပုဂံသည် မြန်မာနိုင်ငံ၏ ကျန်ရှိနေသောမြို့များကို ကုန်းလမ်းဖြင့် ကောင်းစွာဆက်သွယ် ထားသည်။ ရန်ကုန်၊ မန္တလေးနှင့် အခြားသောမြို့များမှ ပုံမှန်အဝေးပြေးကားများ ပြေးဆွဲလျက် ရှိသည်။ ရန်ကုန်မှ ပုဂံသို့ ခရီးစဉ်သည် ၉ နာရီမှ ၁၀ နာရီအထိ ကြာမြင့်ပြီး ယေဘုယျအားဖြင့် ညဘက်တွင် ပြေးဆွဲလေ့ရှိသည်။
- မန္တလေးမှ ပုဂံသို့ နေ့စဉ် နံနက် ၇ နာရီတွင် ပြေးဆွဲသော သင်္ဘောများရှိပြီး ပုဂံသို့ရောက် ရန် ၈နာရီခန့် ကြာသည်။ ၎င်းသည် သာယာလှပသော ခရီးစဉ်များထဲမှ တစ်ခုဖြစ်ပြီး အားလပ်ချိန်ရှိပါက သွားရောက် လည်ပတ်ရန် အထူးအကြံပြုလိုပါသည်။
- ပုဂံဒေသသို့ ရထားဖြင့်လည်း သွားရောက်လည်ပတ်နိုင်သည်။ ရန်ကုန်မှ ညနေ ၄ နာရီ ခန့် တွင် ထွက်ခွာပြီး ပုဂံသို့ နောက်နေ့နံနက် ၁၀ နာရီခန့်တွင်ရောက်သော ညရထားများလည်း နေ့စဉ်ပြေးဆွဲ လျက်ရှိသည်။ မန္တလေးနှင့် ပုဂံသို့ ပြေးဆွဲသောရထားများလည်း ရှိပြီး ၇ နာရီခန့် ကြာမြင့်သည်။