Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရွှေစည်းခုံစေတီတော် – Tourism Myanmar
Skip to content

ပုဂံရှိဆွဲဆောင်မှုများ

ရွှေစည်းခုံစေတီတော်

ရွှေစည်းခုံစေတီတော်

ရွှေစည်းခုံစေတီတော်သည် ညောင်ဦးမြို့၏ အနောက်ဘက် ပုဂံမြို့ဟောင်းအနီးတွင် တည်ရှိသည်။ ရွှေစည်းခုံဘုရားကို အနော်ရထာမင်း (၁၀၄၄-၇၇) က အေဒီ ၁၀၅၉ တွင် တည် ထားခဲ့ပါသည်။ ရွှေစည်းခုံစေတီတော်တည်ထားပုံသည် အခြားပုဂံဘုရားများနှင့် အတန်ငယ် ကွဲပြားပြီး၊ ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ ညှပ်ရိုးတော်နှင့် အခြားဓါတ်တော်မွေတော်များကို ဌာပနာ ထားပါသည်။ ဘုရာသမိုင်း ဖော်ပြချက်တွင် အနော်ရထာမင်းသည် စေတီတော်တစ်ဆူ တည် ထားရန်အတွက် ဆင်ဖြူတော်ပေါ်တွင် ဗုဒ္ဓ၏စွယ်တော်မြတ်ကိုတင်ကာ စေလွှတ်ခဲ့ကြောင်း ဆင်ဖြူတော်ရပ်တန့်ခဲ့သည့် ဧရာဝတီမြစ်ကမ်းဘေး သဲသောင်ခုံပေါ်တွင် စေတီတည်ထားခဲ့ပြီး ဘုရားဘွဲ့တော်ကို ရွှေစည်းခုံဟု ခေါ်ဆိုခဲ့သည်။ ရွှေစည်းခုံစေတီတော်သည် ငလျင်ဒဏ်ကို ကြိမ်ဖန်များစွာခံခဲ့ရပြီး အနော်ရထာမင်း၏ သားတော် ကျန်စစ်သားမင်း (၁၀၈၄-၁၁၁၃) က အေဒီ ၁၁၀၂ တွင် အပြီးသတ်တည်ထားခဲ့ပါသည်။

ရွှေစည်းခုံဘုရားမှာ ဘာတွေတွေ့နိုင်သလဲ

ရွှေစည်းခုံဘုရားသို့မရောက်လျင် ပုဂံသို့ရောက်သည်ဟု မခေါ်ဆိုနိုင်ပေ။ ရွှေစည်းခုံဘုရား သည် ပေ၁၆၀ မြင့်မားပြီး ပုဂံရှိ ကြီးကျယ်ခမ်းနားသော စေတီများတွင် တစ်ဆူအပါအဝင်ဖြစ်ပါ သည်။ ရွှေစည်းခုံစေတီတော်သည် ခေါင်းလောင်းပုံရှိပြီး လေးထောင့်ပုံ ပစ္စယံသုံးဆင့်ဖြင့် ပုဂံ ဘုရားများတွင် ထူးခြားသောပုံစံရှိသည့် စေတီပုထိုးတစ်ဆူဖြစ်ပါသည်။ ပစ္စယံများတွင် စေတီငယ်များ၊ ဘုရားရှင်၏ ၅၅၀ နိပါတ်တော်များကိုပုံဖော်ထားသည့် အုတ်ချပ်များဖြင့် တန်ဆာဆင်ထားပါသည်။ ဘုရားတစ်ဆူလုံး ကို ရွှေပိန်းချထားပြီး ဘုရားပုရဝုဏ်အတွင်းတွင် တန်ဆောင်းများ၊ နတ်ကွန်းများရှိပါသည်။ စိတ်ဝင်စားဖွယ်အကောင်းဆုံးမှာ ဘုရားအရှေ့တောင် ထောင့်ရှိ ၃၇ မင်းနတ်ကွန်းဖြစ်ပါသည်။ ရွှေစည်းခုံဘုရား၏ အရှေ့ဘက်မုခ်နှင့် တောင်ဘက်မုခ် တို့တွင် ရှည်လျားသော စောင်းတန်းများရှိပါသည်။ ဘုရား၏ ဝင်ပေါက်အသီးသီးတွင် ကြီးမား သော ခြင်္သေ့ကြီးများ စောင့်ကြပ်ဟန် တည်ဆောက်ထားပါသည်။

သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်

ရွှေစည်းခုံဘုရားပွဲကို နှစ်စဉ်နိုဝင်ဘာလတွင် ကျင်းပပါသည်။ မြန်မာနိုင်ငံတွင် ခရီးသွား လိုသူများအနေဖြင့် ပုဂံယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာပွဲတော်များ၏ စည်ကားထူးကဲလှပုံကို ကြည့်ရှု ခံစားလိုပါက နိုဝင်ဘာလနှင့်ဒီဇင်ဘာလတို့သည် အကောင်းဆုံးလများဖြစ်ပါသည်။

ဘယ်လိုသွားမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED