နောက်ခံသမိုင်းကြောင်း
သဗ္ဗညုဘုရားသည် ပုဂံမြို့ရိုး၏ အရှေ့တောင်ထောင့်တွင်တည်ရှိပြီး ကျန်စစ်သားမင်း၏ မြေးတော် အလောင်းစည်သူမင်းက အေဒီ ၁၁၄၄တွင် တည်ထားခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ အတု မရှိ သဗ္ဗညုရွှေဉာဏ်တော်ကို ရည်ညွှန်း၍ ဘုရားဘွဲ့တော်ကို သဗ္ဗညုဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ အနီးပတ်ဝန်းကျင်ရှိ စေတီပုထိုးများထက် ထူးကဲစွာမြင့်တက်လျက်ရှိပြီး မီးပုံးပျံစီးနင်းစဉ်နှင့် နန်းမြင့်မျှော်စင်တို့မှ ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ သဗ္ဗညုစေတီတော်သည် ပုဂံတွင် ဉာဏ်တော်အမြင့်ဆုံး စေတီဖြစ်ပြီး မြေပြင်မှ အထက်သို့ ၆၁ မီတာအထိမြင့်မားသည်။
ဘာကြောင့်လည်ပတ်သင့်သလဲ
မြန်မာနိုင်ငံရှိ ထင်ရှားသောစေတီပုထိုးများအနက် သဗ္ဗညုစေတီတော်သည် ဉာဏ်တော် မြင့်မားပြီး၊ ပုဂံသို့ရောက်ရှိပါက မဖြစ်မနေသွားရောက် လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်ပါ သည်။ သဗ္ဗညုဘုရားအနီးပတ်ဝန်းကျင်ရှိ စေတီပုထိုးများထက် ထူးခြားစွာ မြင့်တက်လျက်ရှိပြီး မီးပုံးပျံစီးနင်းစဉ်နှင့် နန်းမြင့်မျှော်စင်တို့မှထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။ သဗ္ဗညုစေတီတော် သည် ပုဂံတွင်ဉာဏ်တော် အမြင့်ဆုံးစေတီဖြစ်ပြီး မြေပြင်မှအထက်သို့ ၆၁မီတာအထိ မြင့်မား သည်။ သဗ္ဗညုဘုရားသည် ပုဂံရှိ အဆင့်(၂)ဆင့်စေတီပုထိုးများတွင် တစ်ဆူအပါအဝင်ဖြစ်ပြီး၊ စတုရန်းပုံအောက်ခြေပေါ်တွင် ပထမအဆင့်နှင့် ဒုတိယအဆင့်ဟူ၍တည်ရှိသည်။ အဆင့် တစ်ဆင့်စီတိုင်းတွင် စင်္ကြံအထပ်(၃)ထပ်စီ ပါဝင်ပြီး၊ စင်္ကြံ(၃)ထပ်၏ ထောင့်(၄)ထောင့်တို့တွင် စေတီများတည်ရှိပါသည်။ သဗ္ဗညုဘုရား၏ ဗိသုကာလက်ရာသည် ရှေးမြန်မာများ၏ ယဉ်ကျေးမှု နှင့်သမိုင်းကို ထင်ဟပ်လျက်ရှိပါသည်။
ဘယ်အချိန်သွားရောက်လည်ပတ်သင့်သလဲ
သဗ္ဗညုဘုရားသို့ နံနက်ခင်းပိုင်းနှင့် နေမဝင်မီ တစ်နာရီခန့်အလိုတွင် သွားရောက် လည်ပတ်ရန် အကောင်းဆုံးဖြစ်ပါသည်။ ယင်းအချိန်များတွင် ပုဂံ၏ အလှတရားကို ကောင်းစွာ ခံစားနိုင်ပါသည်။
ဘယ်လိုသွားရောက်လည်ပတ်နိုင်သလဲ
- ပုဂံသို့ လေကြောင်း၊ ရေကြောင်း၊ ကားလမ်း၊ ရထားလမ်းတို့ဖြင့် လွယ်ကူစွာ သွားရောက် လည်ပတ်နိုင်ပါသည်။ တစ်နေ့တာလည်ပတ်ရန်အတွက် မြင်းလှည်း၊ လျှပ်စစ်စက်ဘီး၊ တုတ်တုတ် တို့ဖြင့် လည်ပတ်နိုင်ပါသည်။