Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ကုသိုလ်တော်ဘုရား – Tourism Myanmar
Skip to content

မန္တလေးရှိ ဆွဲဆောင်မှုများ

ကုသိုလ်တော်ဘုရား

တည်နေရာ

မဟာလောကမာရဇိန်ဘွဲ့အမည်ရှိ ကုသိုလ်တော်ဘုရားသည် မန္တလေးတောင်ခြေတွင်တည်ရှိပြီး၊ ၁၈၅၇ ခုနှစ်တွင် မင်းတုန်းမင်း၏ ကုသိုလ်တော်အဖြစ် မွမ်းမံတည်ထားခဲ့ခြင်းဖြစ်ပါသည်။ မန္တလေးတောင်ပေါ်မှ ကြည့်လိုက်ပါက ရာပေါင်းများစွာသော စေတီငယ်များဖြင့် ရင်သပ်ရှုမော ဖွယ်ကောင်းသော ကုသိုလ်တော်ဘုရား၏ ရှုမျှော်ခင်းကိုတွေ့မြင်နိုင်ပါသည်။ ကုသိုလ်တော် ဘုရားအနီးရှိ စန္ဒာမုနိဘုရားသည်လည်း ကုသိုလ်တော်ကဲ့သို့ပင် ပရဝုဏ်အတွင်း စေတီငယ်များ ဝန်းရံထားသော ဘုရားတစ်ဆူဖြစ်ပါသည်။

နောက်ခံသမိုင်းကြောင်း

ကုသိုလ်တော်ဘုရားသည် ပုဂံရှိရွှေစည်းခုံဘုရား၏ ပုံစံကိုယူ၍ တည်ထားခြင်းဖြစ်ပါသည်။ ကမ္ဘာအကြီးဆုံးစာအုပ်ကြီး ဟုခေါ်ဆိုကြသော ၇၂၉ ချပ် သော ကျောက်စာချပ်များသည် ဘုရားပရဝုဏ်အတွင်း တည်ရှိပါသည်။ စေတီငယ်တစ်ဆူတွင်  ၁၅၃ စင်တီမီတာမြင့်၍ ၁၀၇ အကျယ်ရှိသော ကျောက်စာချပ်တစ်ချပ်စီ ထည့်သွင်းထားပြီး ကျောက်စာချပ်များပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဟူသော ပိဋကတ်(၃) ပုံပါ စာသားများကို ကျောက်စာ၏ မျက်နှာစာနှစ်ဖက်စလုံးတွင် ရေးထွင်းထား ပါသည်။ အဖြူရောင် စေတီငယ်များကြားတွင် လျှောက်လမ်းကလေးများရှိပြီး၊ ဘုရားပရဝုဏ်၏ အလယ်တွင် ၇၂မီတာအမြင့်ရှိ ရွှေရောင်ပုထိုးတော်တစ်ဆူရှိပါသည်။ ကုသိုလ်တော်ဘုရားသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၃ ခုနှစ်တွင် ထည့်သွင်းခံရသည်။

ဘာကြောင့်လည်ပတ်သင့်

ကုသိုလ်တော်ဘုရားတွင် ကျောက်စာချပ် များမှ ပါဠိဘာသာအရေးအသားများကိုလည်းကောင်း၊ ကျောက်စာချပ်ရေ (၇၀၀) ကျော်ရှိ ကမ္ဘော့အကြီးဆုံးစာအုပ်ကြီးကိုလည်းကောင်း လေ့လာနိုင်ပါသည်။ ထို့အပြင် မြန်မာ့ရိုးရာ ဗိသုကာလက်ရာများ၊ ဘုရားသမိုင်းနှင့် မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ခြင်းတို့ကို လေ့လာ ဆောင်ရွက်နိုင်ပါသည်။ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်းသည် လေ့လာလည်ပတ်ရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

ဘယ်အချိန်ဖွင့်လဲ

ကုသိုလ်တော်ဘုရားကို နံနက် (၈:၀၀) နာရီမှ ည (၈:၀၀) နာရီအထိ နေ့စဉ်ဖွင့်လှစ်ပါ သည်။

ဘယ်လိုသွားရမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED