Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မြနန်းစံကျော်ရွှေနန်းတော် – Tourism Myanmar
Skip to content

မန္တလေးရှိ ဆွဲဆောင်မှုများ

မြနန်းစံကျော်ရွှေနန်းတော်

တည်နေရာ

မြနန်းစံကျော်ရွှေနန်းတော်သည် မန္တလေးမြို့၏ နှလုံးသည်းပွတ်ဖြစ်ပြီး၊ ၁၂ လမ်းနှင့် ၂၆ လမ်းကြားတွင် တည်ရှိပါသည်။ မင်းတုန်းမင်းသည် ၁၈၅၇ တွင် မန္တလေးမြို့ကို တည်ခဲ့ပြီး မြနန်းစံကျော် ရွှေနန်းတော်ကို ပထမဦးဆုံးအဖြစ် ၁၈၅၇ မှ ၁၈၅၉ ခုနှစ်အတွင်း တည်ဆောက် ခဲ့ပါသည်။ ထို့နောက် မင်းတုန်းမင်းသည် ၁၈၆၁ တွင် ၎င်း၏ မြို့တော်ကို အမရပူရမှ မန္တလေးသို့ ရွှေ့ပြောင်းခဲ့ပါသည်။ မန္တလေးနန်းတော်သည် မြန်မာမင်းဆက်နောက်ဆုံးတည်ဆောက်ခဲ့သည့် နန်းတော်ဖြစ်ပါသည်။

သမိုင်းနောက်ခံ

မန္တလေးနန်းတော်၏ အမည်မှာ မြနန်းစံကျော် ရွှေနန်းတော်ဖြစ်ပါသည်။ နန်းတော်ကို ၂ ကီလိုမီတာရှည်လျားသော မြို့ရိုးဖြင့် ဝိုင်းပတ်ထားပါသည်။ မြို့ရိုးတွင် မျှော်စင်ငယ်(၄၈)ခု၊ (၁၂)လရာသီကို ကိုယ်စားပြုသော ဂိတ်(၁၂)ခု၊ တစ်လလျင် လေးသီတင်းရှိသည်ကို ကိုယ်စားပြု သော တံတား(၄)စင်းတို့ ပါဝင်ပါသည်။ တံတာလေးစင်းတို့တွင် ၆၄ မီတာကျယ်၍  ၄.၅ မီတာ မြင့်သော မုခ်ပေါက် တစ်ပေါက်စီ ရှိပါသည်။ ဂိတ် (၁၂)ခုတို့သည် ဆယ့်နှစ်လရာသီခွင်များကို ကိုယ်စားပြုပါသည်။ နန်းတော်၏ အစိတ်အပိုင်းအများစုသည် ဒုတိယကမ္ဘာစစ်အတွင်းက မီးလောင်ကျွမ်းခြင်းခံရပြီး ၁၉၉၀-၉၅ တွင် ပြန်လည်တည်ဆောက်ခဲ့ပါသည်။ နန်းမြို့ခံတပ် သည် မီတာ(၆၀)ကျယ်သော မုခ်ဦးများ၊ တံတားများဖြင့် နန်းတော်အတွင်းရှိ ညီလာခံခန်းမ၊ လွှတ်တော်၊ နန်းမြင့်မျှော်စင်၊ ဝတ်ပြုဆောင်၊ စွယ်တော်တိုက်တို့ကို ဝန်းရံကာကွယ်ထားပါသည်။ ၎င်းနန်းမြို့ခံတပ်ကိုပင် မြင့်မားသော နံရံများ၊ ကျုံး၊ ဥယျာဉ်တို့ဖြင့် ထပ်မံဝန်းရံထားပါသည်။ ကိုလိုနီခေတ်တွင် ဗြိတိသျှတို့သည်  နန်းတော်ကို စစ်ဖက်ရေးရာ အဆောက်အဦအဖြစ် အသုံးပြု ခဲ့သည်။

ဘာကြောင့်သွားရောက်လည်ပတ်သင့်သလဲ

မန္တလေးသို့ရောက်ရှိပါက မြနန်းစံကျော်ရွှေနန်းတော်သည် မဖြစ်မနေသွားရောက် လည်ပတ်ရမည့် နေရာတစ်ခုဖြစ်ပါသည်။ ဤနေရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အငွေ့အသက် များ၊ ရှေးမြန်မာမင်းလက်ထက်ဝတ်စားဆင်ယင်ပုံ၊ အဆောက်အဦတည်ဆောက်ပုံနှင့် ဗိသုကာ လက်ရာများ၊ မင်းနှင့်မိဖုရားတို့၏ နေ့စဉ်အသုံးအဆောင်နှင့် အလေ့အထများအပါအဝင် ရှေးမြန်မာမင်းလက်ထက် ထူးခြားအံ့ဩဖွယ်ရာများကို သိရှိခံစားနိုင်ပါသည်။ ရှေးမြန်မာတို့၏ ရိုးရာယဉ်ကျေးမှုများကို ရှာဖွေလေ့လာနိုင်သဖြင့် မြနန်းစံကျော် ရွှေနန်းတော်သို့ သွားရောက် လည်ပတ်ရသည်မှာ များစွာအကျိုးရှိပါသည်။ သွားရောက်လည်ပတ်ရန်အကောင်းဆုံးအချိန်မှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ဖြစ်ပါသည်။

ဖွင့်လှစ်ချိန်

မန္တလေးနန်းတော်ကို နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ နေ့စဉ် ဖွင့်လှစ်ပါသည်။ ဝင်ပေါက်သည် နန်းတော်၏ အရှေ့ဂိတ်ဖြစ်ပါသည်။

ဘယ်လိုသွားရမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED