Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မဟာမြတ်မုနိရုပ်ရှင်တော် – Tourism Myanmar
Skip to content

မန္တလေးရှိ ဆွဲဆောင်မှုများ

မဟာမြတ်မုနိရုပ်ရှင်တော်

တည်နေရာ

မန္တလေးမြို့တွင် ဘုရားများ သာသနိက အဆောက်အအုံများစွာရှိပါသည်။ ထို့ပြင်တန်ခိုးကြီးမား ထင်ရှားသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည်လည်း မန္တလေးမြို့တွင်ရှိပါသည်။ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည် မန္တလေးမြို့၏ အနောက်တောင်အရပ်တွင် တည်ရှိပါ သည်။ ထူးခြားအံ့ဩဖွယ်ကောင်းသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော် ၄မီတာ၊ အလေးချိန် ၆.၅တန်ရှိပြီး စိန်၊ ပတ္တမြား၊ နီလာများဖြင့် စီခြယ်ထားသော သင်းကျစ်တော် နှင့်အတူ ကြေးဖြင့်ပုံသွန်းလောင်းထားပါသည်။ မန္တလေးခရီးစဉ်သည် မဟာမြတ်မုနိဘုရား မပါလျင် မပြည့်စုံသကဲ့သို့ ဘုရားကြီးကို မန္တလေး၏ မျက်နှာစာဟု ခေါ်ဝေါ် ကြပါသည်။

သမိုင်းနောက်ခံ

သမိုင်းကြောင်းအရ ဂေါတမဗုဒ္ဓသည် သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ရခိုင်ပြည်သို့ ကြွရောက်ရာ ရခိုင်ဘုရင်မင်းညီမင်းသား ဆွေတော်မျိုးတော်များ ကြိုဆိုဖူးမျှော်ခဲ့ကြသည်။ မြတ်ဗုဒ္ဓ၏ သာသနာတွင် သက်ဝင်ယုံကြည်သော ရခိုင်ဘုရင်သည် ဘုရားရှင်၏ ကိုယ်ပွား ရုပ်ဆင်းတုတော်ကို ထားရှိကိုးကွယ်ခွင့်ပြုပါရန် လျှောက်ထားသည်။ ထို့ကြောင့် လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါများ ပူဇော်ကိုးကွယ်စေခြင်းငှာ ဘုရားရှင်၏ ကိုယ်ပွားရုပ်ဆင်းတုတော်ကို သွန်းလုပ်စေသည်။ ဘုရားရှင်သည် ကိုယ်ပွားဆင်းတုတော် ကြည့်ရှုတော်မူ၍ (၇) ကြိမ်တိုင် ရင်ငွေ့တော်လှုံစေပြီးနောက် ဤရုပ်ပွားတော်သည် ငါဘုရားကိုယ်စား နှစ် (၅၀၀၀) တည်စေ မည် မိန့်ကြားတော်မူသည်။ ကုန်းဘောင်းမင်းဆက်မှ အိမ်ရှေ့ဥပရာဇာ သတိုးမင်းစောသည် ရခိုင်ကိုအောင်နိုင်ပြီးနောက်  မဟာမုနိရုပ်ရှင်တော်မြတ်ကို အမရပူရသို့ ပင့်ဆောင်ခဲ့သည်။ ထို့နောက် ရုပ်ရှင်တော်မြတ်ကြီးအား မန္တလေးသို့ ပင့်ဆောင်ခဲ့ပြီး ယခုအခါ မဟာမြတ်မုနိရုပ်ရှင် တော်မြတ်ကြီးသည် ပြည်တွင်းပြည်ပ ဘုရားဖူးများအကြား လေ့လာဖူးမျှော်စရာ ထင်ရှားသော ဘုရားကြီး တစ်ဆူအဖြစ် ရှိနေပေသည်။

ဘာကြောင့် သွားရောက်လည်ပတ်သင့်သလဲ

နေ့စဉ်ပူဇော်ပွဲအခမ်းအနားများ

မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ နေ့စဉ်မျက်နှာသစ်တော်ရေနှင့် တံပူတော်ကပ်လှူခြင်း အခမ်းအနားသည် ဘုရားဖူးများကို အထူးဆွဲဆောင်လျက်ရှိပါသည်။ မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ခြင်းကို နံနက် ၄:၀၀-၄:၃၀ နာရီတွင် ပြုလုပ်ပြီး၊ ထေရ်ကြီးဝါကြီး သံဃာတော် အရှင်သူမြတ်များကဦးဆောင်ကာ ဝတ်ဖြူစင်ကြယ်ဝတ် ဥပသိကာများက ဝေယျာဝစ္စပြုလုပ် ပူဇော်ကြပါသည်။ နံနက်ခင်း မောင်းထိုးသံနှင့်အတူ သံဃာတော်မထေရ်မြတ်ကြီးတစ်ပါးက မျက်နှာသစ်တော်ရေကပ်လှူခြင်း၊ သန့်ရှင်းစင်ကြယ်သော မျက်နှာသုတ်ပုဝါဖြင့် သန့်စင်ပေး ခြင်း၊ တံပူတော်များကပ်လှူပေးခြင်းတို့ကို ဆောင်ရွက်ကြပါသည်။ များစွာသော ဘုရားဖူးများ သည် သံဃာတော်များစွန့်ကြဲသည့် မျက်နှာသုတ်ပုဝါများ၊ မျက်နှာသစ်တော်ရေ နံ့သာရေများကို ကိုးကွယ်ဆောင်ထားရန် လာရောက်ယူဆောင်ကြပါသည်။ ထို့အပြင် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးစသည်တို့ကို ကပ်လှူပူဇော်ကြပြီး၊ ယင်းသည် ဘုရားကြီး၏ နေ့တဓူဝ လှုပ်ရှား လုပ်ဆောင်မှုများပင်ဖြစ်ပါသည်။ ဘုရားကြီးသို့ ရွှေဆိုင်းများ ကပ်လှူပူဇော်နိုင်ပြီး၊ အမျိုးသား များသာ ဘုရားကြီးပေါ်သို့ တက်ရောက်ကပ်လှူခွင့်ရှိပါသည်။

ဘယ်အချိန်ဖွင့်သလဲ

ဘုရားကြီးကို နေ့စဉ် နံနက် ၄ နာရီမှ ညနေ ၅ နာရီအထိဖွင့်ပါသည်။ မျက်နှာသစ်တော် ရေကပ်လှူခြင်းကို ဖူးမြော်နိုင်ရန် နံနက် ၄ နာရီတွင် သွားရောက်သင့်ပါသည်။

ဗုဒ္ဓပူဇနိယပွဲတော်

မဟာမုနိရုပ်ရှင်တော်မြတ် ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလတွင် နှစ်ရက်တိုင် ကျင်းပ ကြပါသည်။ ဘုရားပွဲတွင် မီးဖိုကြီးများဖို၍ ကောက်ညှင်း၊ အုန်းသီး၊ ချင်း၊ နှမ်းတို့ဖြင့် ထမနဲထိုး၍ သံဃာတော်များကို လောင်းလှူကြပါသည်။ ထို့အပြင် ဦးရွှေရိုး၊ ဒေါ်မိုးအက ကဲ့သို့သော ရိုးရာ ဖျော်ဖြေပွဲများကို ပြုလုပ်ကြပါသည်။

ဘယ်လိုသွားကြမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED