Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
၅ ရက် ခရီးစဉ် – Tourism Myanmar
Skip to content

၅ ရက် ခရီးစဉ်

သဘာဝတောရိုင်း တိရိစ္ဆာန်များအားလေ့လာခြင်း

စိတ်ဝင်စားဖွယ်ရာများ

  • ယူနက်စကို ဇီဝအဝန်းအဝိုင်းနယ်မြေတစ်ခု ဖြစ်သော အင်းတော်ကြီး တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောသို့သွားရောက်လည်ပတ်ခြင်း။
  • နတ်မတောင် အမျိုးသားဥယျာဉ်သို့ ခရီးကြမ်းလမ်းလျှောက်ခြင်း။
  • မြန်မာနိုင်ငံ၏ ဘုရားပုထိုးမြို့တော်ဖြစ်သော ပုဂံသို့ သွားရောက်လေ့လာခြင်း။

ပထမနေ့ – မြစ်ကြီးနားမြို့

ခရီးစဉ်၏ပထမနေ့တွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မြစ်ကြီးနားသို့ သွားရောက်မည်ဖြစ် ပါသည်။ ရန်ကုန်နှင့်မန္တလေးမြို့များမှ မြစ်ကြီးနားသို့ လေယာဉ်ဖြင့် အလွယ်တကူ သွားရောက် နိုင်ပါသည်။ မြစ်ကြီးနားမြို့အနှံ့ရှိ ဆုတောင်း ပြည့်စေတီ၊ သီရိ သူရဿတီ စေတီ၊ မနောပန်းခြံ နှင့် ကချင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်များသို့ သွားရောက် လည်ပတ်ကြည့်ရှုရင်းတစ်နေ့တာကို ကုန်ဆုံးမည်ဖြစ်ပါသည်။

ဒုတိယနေ့ – အင်းတော်ကြီးကန်နှင့်သဘာ၀ဘေးမဲ့တော ခရီးစဉ်

ခရီးစဉ်၏ ဒုတိယနေ့တွင် ယူနက်စကို ဇီဝအဝန်းအဝိုင်းနယ်မြေတစ်ခု ဖြစ်သော အင်းတော်ကြီးအိုင် သဘာဝဘေးမဲ့တောသို့ သွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ကန်အတွင်း၌ လှေစီးပြီး ငှက်အမျိုးမျိုးနှင့် တိရိစ္ဆာန်မျိုးစိတ်မျိုးစုံတို့၏ လှုပ်ရှားသွားလာမှုများကို လေ့လာ ကြည့်ရှုနိုင်ပါသည်။ သာယာလှပသော သစ်ပင်ပန်းမန်များအကြား ခြေလျင်ခရီးတိုလမ်းလျှောက် ခြင်းကိုလည်းပြုလုပ်နိုင်ပါသည်။ ထို့ပြင် လိပ်မျိုးစိတ်များနှင့်လိပ်ပြာမျိုးစိတ်များကိုလည်း ကြည့်ရှု လေ့လာနိုင်ပါသေးသည်။ ထို့နောက် ညခင်းပိုင်းတွင် မြစ်ကြီးနားသို့ ပြန်လည်ထွက်ခွာမည် ဖြစ်ပါသည်။

တတိယနေ့ – ပုဂံခရီးစဉ်

ခရီးစဉ်၏တတိယနေ့တွင် မြစ်ကြီးနားမှ ပုဂံသို့ ပျံသန်းပြီး အပန်းဖြေခရီးစတင်ပါမည်။ အာနန္ဒာဘုရား၊ ရွှေဂူကြီးဘုရား၊ မနုဟာဘုရားကျောင်းနှင့် ဓမ္မရံကြီးဘုရားကျောင်းတို့ကို ဖူးမျှော် လေ့လာရမည် ဖြစ်ပါသည်။ ထို့နောက် ရိုးရာယဉ်ကျေးမှုပုံစံများကို ပိုမိုသိရှိနိုင်ရန် ညအချိန်တွင် မြို့မဈေးသို့ သွားရောက်လည်ပတ်ကြည်ရှုကြပါမည်။

စတုတ္ထနေ့- ကန်ပက်လက်မြို့တွင်လည်ပတ်ခြင်း

ခရီးစဉ်၏စတုတ္ထနေ့တွင်ချင်းပြည်နယ်၏မြို့ငယ်လေးဖြစ်သည့်ကန်ပက်လက်သို့ (၈)နာရီ ကြာခရီးဆက်မောင်းနှင်ပါမည်။ ထိုမြို့လေးတွင်ရိုးရှင်းသော တည်းခိုစရာများနှင့် စိတ်အေးချမ်း သာစွာဝတ်ပြုနိုင်သော ဘုရားကျောင်းများစွာရှိပြီးမြို့ထဲတွင်အပန်းဖြေလမ်းလျှောက်နိုင်ပါ သည်။

ပဉ္စမနေ့ – နတ်မတောင်အမျိုးသားဥယျာဉ်

ခရီးစဉ်၏ပဉ္စမနေ့၏ မင်္ဂလာရှိသောနံနက်ခင်းတွင် စိတ်လက်ပေါ့ပါးစွာနိုးထပြီးလျင် နတ်မတောင်သို့ စတင်ထွက်ခွာမည်ဖြစ်ပါသည်။ နိုင်ငံ၏အထင်ကရအမျိုးသားဥယျာဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် နတ်မတောင်အမျိုးသားဥယျာဉ်ကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ထင်းရှူး တော၊ အမြဲစိမ်းတော နှင့် ရွက်ပြတ်တောနှင့် တောတွင်တိရိစ္ဆာန်မျိုးစုံကျက်စားရာတောင်တန်း များ၏အလှအပကိုခံစားရင်း နောက်ဆုံးတွင် တောင်တန်းပေါ်တွင်တည်ရှိသော မင်းတပ်မြို့ငယ် လေးသို့ ရောက်ရှိပါမည်။ ညနေပိုင်းတွင် ကန်ပက်လက်မြို့သို့ ပြန်လည်အနားယူပါမည်။ နောက်နေ့မနက်တွင်မှ ပုဂံသို့ဆက်လက်ထွက်ခွာပြီး ထိုမှတဆင့် ရန်ကုန်သို့ ခရီးဆက်ပါမည်။ အိမ်ပြန်လမ်းခရီးသည် ချိုမြိန်သောအမှတ်တရများအပြည့်နှင့် ပျော်ရွင်ဖွယ်ဖြစ်နေပါလိမ့်မည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED