နောက်ခံသမိုင်းကြောင်း
ဖောင်တော်ဦးဘုရားသည် ရှမ်းပြည်နယ်ရှိ တန်ခိုးကြီးဘုရားများတွင် တစ်ဆူအပါအဝင် ဖြစ်ပြီး ရှေးဟောင်းရွှေဘုရား(၅)ခု သီတင်းသုံးစံပါယ်လျက်ရှိပါသည်။ အလောင်းစည်သူမင်းကြီး တိုင်းခန်း လှည့်လည်ရာတွင် အသုံးပြုသောကြီးမားသည့် ရွှေလှေပုံစံလှေပေါ်တွင် ယင်းဘုရား (၅)ဆူကိုတင်၍ ရွာပေါင်း(၂၀)ကျော် မှလောင်းလှေများဝန်းရံကာ ဗုဒ္ဓပူဇနိယပွဲကို နှစ်စဉ်ကျင်းပ ပါသည်။ (၁၉၆၅) ခုနှစ်တွင် ဘုရား(၅)ဆူကို တင်ဆောင်လာသော လှေသည်နစ်မြုတ်၍ ဘုရား အားလုံး ကန်အတွင်းသို့ ကျရောက်နစ်မြုပ်ခဲ့သည်။ လူအများမှ ကန်းအတွင်းသို့ ဆင်း၍ရှာဖွေ သောအခါ (၄)ဆူကိုသာ တွေ့ရှိရပြီး တစ်ဆူမှာ ပျောက်ဆုံးလျက်ရှိပါသည်။ နောက်ဆုံးတွင် ရှာဖွေခြင်းကိုလက်လျှော့၍ ပြန်လာကြရာတွင် (၅)ဆူမြောက် ရုပ်ပွားတော်မှာ ဖောင်တော်ဦး ဘုရားသို့ ပြန်လည်ရောက်ရှိနေသည်ကို တွေ့ရှိရပါသည်။ ထိုအချိန်မှစ၍ လှည့်လည်အပူဇော်ခံ ရာတွင် ဘုရားတစ်ဆူကိုဖောင်တော်ဦးဘုရားတွင် ထားရှိခဲ့ရပါ သည်။
ဖောင်တော်ဦးဘုရားပွဲကို စက်တင်ဘာလမှ အောက်တိုဘာလအတွင်း သီးတင်းကျွတ်လ တွင် (၁၈)ရက်တိုင် နှစ်စဉ်ကျင်းပပါသည်။ ဘုရားပွဲသို့ ခရီးသွားဧည့်သည်များသာမက ဒေသခံ များပါ ပါဝင်ဆင်နွှဲလေ့ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ခြေတစ်ဖက်တည်းဖြင့် လှော်ခတ် သော လှေပြိုင်ပွဲကို ကျင်းပလေ့ရှိသောကြောင့် ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားဧည့်သည်များ အနေဖြင့် အင်းလေးကန်အတွင်းရှိ ကြာရက်ကန်း ရက်လုပ်ငန်း၊ ဆေးပြင်းလိပ်ပြုလုပ်ခြင်း (ဆေးလိပ်ခုံ)၊ ငွေပန်းထိမ်၊ လှေစပ်ခြင်း၊ အိုးလုပ်ခြင်း၊ မှိုင်းခံစက္ကူဖြင့် ထီးပြုလုပ်ခြင်းတို့ကို လေ့လာနိုင်ပါသည်။ ထို့အပြင် ဒေသခံများ၏ ရိုးသားဖြူစင်သော အပြုံးများကိုလည်းရရှိပေလိမ့် မည်။
ဘယ်လိုသွားရမလဲ
- ဖောင်တော်ဦးဘုရားရှိရာ အင်းလေးသို့ ရန်ကုန်၊ ပုဂံ၊ မန္တလေးတို့မှ ဟဲဟိုးသို့ လေယာဉ် ဖြင့်သွားရောက်၍ ဟဲဟိုးမှ ညောင်ရွှေသို့ (၃၅) ကီလိုမီတာ လမ်းခရီးကို သွားရောက်ရပါမည်။ အင်းလေးကန်အတွင်းသို့ စက်တပ်လှေဖြင့်သွားရောက်ခြင်းသည် အဆင်ပြေ၊ အလွယ်ကူဆုံး ဖြစ်ပြီး ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမျှော်နိုင်ပါသည်။ ယင်းစက်တပ်လှေများကို ဟိုတယ်မှ ကြိုတင်မှာကြား ငှားရမ်းထားနိုင်ပြီး၊ လှေဆိပ်တွင်လည်း ငှားရမ်းနိုင်ပါသည်။