Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
စိန့်မေရီဘုရားရှိခိုးကျောင်း – Tourism Myanmar
Skip to content

ရန်ကုန်ရှိ ဆွဲဆောင်မှုများ

စိန့်မေရီဘုရားရှိခိုးကျောင်း

နောက်ခံသမိုင်းကြောင်း

Mr Pierre Cuypers   ၏သားဖြစ်သူ       ဒတ်ရှိ ဗိဿုကာပညာရှင် Jpseph Cuypers ၏ ဒီဇိုင်းဖြင့် အနီရောင်အထင်ကရ အုတ်အဆောက်အဦးဖြစ်ပါသည်။

၎င်းအဆောက်အဦးဆောက်လုပ်ရန် ၁၈၉၃ ခုနှစ်မှ ၁၉၁၀ ခုနှစ်ထိ နှစ်ပေါင်း(၁၇)နှစ် ကြာမြင့်သည်။ ဘုရားရှိခိုးကျောင်းကို လွဲပြောင်းလှူဒါန်းပြီး (၅)လအကြာ ၁၉၁၁ ခုနှစ် ဩဂုတ်လ(၁)ရက်နေ့တွင် ဖခင် Hendrick Janzen ကွယ်လွန်ပြီးနောက် ဘုရားရှိခိုးကျောင်းအလယ်ဝင်ပေါက်တွင်မြေမြုပ်ထားပြီးပြောင်စကျင်ကျောက်ဖြင့် အလှဆင်ထား သည်။ ၎င်းအပေါ်တွင် “ငါသည် ဘုရားသခင်နှင့် မိဘဆွေမျိုးများ၏ ဂုဏ်ကျေးဇူးကို လေးစားတန်ဖိုး ထားသည်” ဟု ရေးထိုးထားသည်။ထိုကျောက်ပြားပေါ်တွင် လဲလျောင်းရင်း အဆောက် အဦး၏ ထူးခြားသောနံရံများကိုရှုစားအပန်းဖြေနိုင်သည်။ဘုရားကျောင်းကို လာရောက်ကြသည့် ကက်သလစ် ဘာသာဝင် များအနေဖြင့် ထူးခြားသော ဗိဿုကာအနုပညာလက်ရာများ၊ ငြိမ်းချမ်းသော နေရာတွင် ရှိနေရသည်ဆိုသည့် အတွေး အမြင်များကို ခံစားနိုင်သည်။

ဘုရားရှိခိုးကျောင်းအနေဖြင့် ၁၉၃၀ ခုနှစ် မေလ(၅) ရက်နေ့တွင် မြေငလျင် လှုပ်ခြင်း၊ ၂၀၀၈ ခုနှစ် တွင် ဆိုင်ကလုန်းမုန်တိုင်းဒဏ်များနှင့် ကြုံတွေ့ခဲ့ရသော်လည်းယခုအချိန်ထိခမ်းနားထည်ဝါစွာတည်ရှိလျက်ရှိသည်။ အဆောက်အဦအတွင်း ပိုင်း အားအနီရောင်များဖြင့် အလှဆင် ထားပြီး အဖြူနှင့်အစိမ်းအုတ်ကွက်ဖော်ပုံစံ အဆောက်အဦနှင့် ရုပ်ထုများကို ဆေးရောင်ချယ်ထားသည်မှာ မြင်ရသူအပေါင်း မျက်စိပသာဒဖြစ်စေသည်။

နံနက်(၇)နာရီမှ (၁၀)နာရီအထိနှင့်နေ့လည်(၂)နာရီမှ(၆)နာရီအထိဖွင့်လေ့ရှိပြီးဘုရားကျောင်းသို့ ဝင်ရောက်လည်ပတ် လိုသည့် ဧည့်သည်များအား နေ့စဉ်ဘုရားရှိခိုးဝတ်ပြုသည့် အစီအစဉ်ပြီးချိန်ထိ စောင့်ဆိုင်းရန် မေတ္တာ ရပ်ခံထားသည်။

နေ့စဉ်ဘုရားရှိခိုး ချိန်မှာ များသောအားဖြင့် တနင်္လာ နေ့မှစနေနေ့အထိ နံနက်(၆)နာရီမှ (၈)နာရီနှင့် ညနေ(၅) နာရီတို့တွင် ဆောင်ရွက်လေ့ရှိသည်။သို့သော်လည်း စနေ၊ တနင်္ဂနွေ နေ့မျိုးတွင် မင်္ဂလာဆောင်အခမ်းအနားများ၊ ခရစ်ယာန်အသင်းဆိုင်ရာလှုပ်ရှားမှုများရှိနိုင်သည့်အတွက် ဘုရားရှိခိုး ကျောင်းအတွင်း သွားရောက်လည် ပတ်နိုင်ခြင်း ရှိ/မရှိ ကို သေချာစွာစုံစမ်းစေလိုသည်။

အကယ်၍ ပွဲအခမ်းအနားများနှင့် တိုက်ဆိုင်ပါက ခရီးစဉ်များကိုရပ်ဆိုင်းရခြင်းများရှိသည်။ စိန့်မေရီဘုရားရှိခိုး ကျောင်းမှာ အလေးအမြတ်ပြုရာနေရာ ဖြစ်သောကြောင့် ၎င်းပရဝဏ်အတွင်း စည်းကမ်းရှိစွာသွားလာ နေထိုင်ရမည်။

၎င်းပရဝဏ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ အစားအသောက်များ သယ်ယူစားသောက်ခြင်းတို့ကို ရှောင်ကျဉ်ရမည်။အခြားသူများကို အနှောင့်အယှက်မဖြစ်စေရန် စကားတိုးတိုးပြောရမည်ဖြစ်ပြီး အဆောက်အဦးအတွင်းဓါတ်ပုံရိုက်နိုင်သော်လည်း အလင်းရောင်ဖွင့် ရိုက်ခြင်းကို ရှောင်ကြဉ်ရမည်။

စကပ်အတိုဝတ်ခြင်းကို ခွင့်မပြုဘဲ ပုခုံးလုံပြီးသင့်တော်သည့် အဝတ်အစားများကို ဝန်ဆင်ရမည်။ အဆေက်အဦအတွင်းမဝင်ခင် ဦးထုပ်ချွတ်ခြင်း၊ ခရီးသွားဧည့်သည် များအတွက် ဝင်ကြေးကျပ် (၂၀၀၀)ပေးသွင်းခြင်းတို့ရှိပြီး ဘုရားကျောင်းသန့်ရှင်းသာယာ လှပရေး အတွက် အလှူငွေ လှူဒါန်းခြင်းကို လက်ခံပါသည်။

နံနက်(၆:၃၀)နာရီ မှ ညနေ (၆:၃၀)နာရီထိ နေ့စဉ်ဖွင့်လှစ်ပြီး နေ့တာရှည်သည့်ရက်များ၊ ခရစ္စမတ် ရာသီများတွင် အချိန်တိုးမြှင့် ဖွင့်လှစ်သည်။

ခရစ်ယာန်ဓမ္မတေးသံစုံကျူးအဖွဲ့၏တေးဂီတသံ၊အပတ်စဉ်ဘုရားရှိခိုးသံများကြောင့် စိန့်မေရီဘုရားရှိခိုး ကျောင်းမှာ လူသိများထင်ရှားပြီး လည်ပတ်လိုသူ အပေါင်းကို အော်ဂင်ဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ခံစားနားဆင်နိုင်ရန်လည်းဖိတ်ခေါ်လျက်ရှိသည်။

နံနက်(၆)နာရီနှင့်ညနေ(၅)နာရီတို့တွင်နေ့စဉ် ဘုရား ရှိခိုးလေ့ရှိပြီးအစီအစဉ်အသေးစိတ်များကို ဤနေရာတွင်နှိပ်၍ ကြည့်ရှုနိုင်ပါသည်။

အထူးတလည် အခမ်းအနားမရှိပါက ကျောင်းဝင်အတွင်း ကာရပ်နားနိုင်ပြီး ဘုရားကျောင်းအနီးကားလမ်းမပေါ်တွင် ကားရပ်နားနိုင်သည်။

အခပေးယာဉ်ရပ်နားစနစ်– ဘုရားရှိခိုးကျောင်းအနီးရှိ လမ်းများပေါ်တွင် မီတာစနစ်ဖြင့် ငွေပေးချေရသည့် ယာဉ်ရပ်နားနိုင်သော နေရာများ ရှိပါသည်။

ရထားများ – ပန်းဆိုးတန်းလမ်းရှိ အနီးဆုံးရထားဘူတာမှာ ရန်ကုန်ဘူတာကြီးဖြစ်ပြီး ခုနစ်မိနစ်ခန့် လမ်းလျှောက်သွားရမည်ဖြစ်ပါသည်။

ဘက်စ်ကားများ: မြို့လယ်သို့ရောက်ရှိသော နံပါတ် (၅၈) ဘတ်(စ်)ကားကိုစီး၍ ပန်းဆိုးတန်း မှတ်တိုင်တွင်ဆင်းကာ ဗိုလ်ချုပ်လမ်းအတိုင်း (၃)မိနစ်မှ (၅)မိနစ်ခန့် လျှောက်လာရမည် ဖြစ်ပါသည်။

ထပ်မံသိထားသင့်သည့်အချက် –  ဘာသာရေးကိုယုံကြည်သက်ဝင်သည်ဖြစ်စေ မယုံကြည်သည် ဖြစ်စေ St  Mary’s Cathedral သည် ဘာသာရေးနှင့် ငြိမ်းချမ်းသော အငွေ့အသက်များ ကိုခံစားမိစေနိုင်ပါသည်။ သမိုင်းကြောင်း သို့မဟုတ် ဗိသုကာပညာကို စိတ်ပါဝင်စားပါက အဆောက်အအုံနှင့် ၎င်း၏အတွင်းပိုင်းတည်ဆောက်ပုံတို့က စိတ်ဝင်စားဖွယ်အတိ ဖြစ်နေ ပါလိမ့်မည်။ ဘာသာရေးဆိုင်ရာ အခမ်းအနားများသို့လည်း ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်အပ် ပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED