Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ထောက်ကြံ့စစ်သင်္ချိုင်း – Tourism Myanmar
Skip to content

ရန်ကုန်မြို့ရှိ ဆွဲဆောင်မှုများ

ထောက်ကြံ့စစ်သင်္ချိုင်း

နောက်ခံသမိုင်းကြောင်း

ထောက်ကြံ့စစ်သင်္ချိုင်းသည်ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သော စစ်သား များမြုပ်နှံထားသော နေရာဖြစ်သည်။ ထိုစစ်သင်္ချိုင်းရှိ အချို့အုတ်ဂူများသည် အမည်မသိစစ်သားများအား ဂုဏ်ပြု တည်ဆောက်ထားသည်ကို တွေ့ရှိရသည်။ (၅၅၇၆) ဦးအမည်စာရင်းသိသော်လည်း ဒုတိယ ကမ္ဘာစစ်တစ်ခုတည်းမှ အမည်မသိ(၆၃၇၄) ဦး၏အုတ်ဂူများမြင်တွေ့နိုင်သည်။မြန်မာနိုင်ငံတွင် ကျဆုံးခဲ့ သည့် ဗြိတိသျှစစ်သား(၂၇,၀၀၀) ဦးထက်မနည်းကို အမည်များဖော်ပြပြီး ‌အောက်မေ့ဖွယ် တိုင်လုံးကြီး များဖြင့် ဖော်ဆောင်ထားသည်။ ၁၉၅၁ ခုနှစ်တွင် စစ်တွေ၊မန္တလေးနှင့်  မိတ္ထီလာ   စစ်တလင်း နယ်မြေဖြစ် ခဲ့သည့် မြို့များတွင်လည်း စစ်သင်္ချိုင်းများတည်ဆောက်ဖွင့်လှစ် ထားရှိသည်။စတင်ဖွင့်လှစ်ချိန်မှစ၍ ယူနိုက်တက် ကင်းဒမ်းရှိ  ဗြိတိသျှ ဓနဿဟာယအသင်းစစ်သင်္ချိုင်းကော်မရှင်အဖွဲ့မှ စီမံဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။၎င်းတို့အနေဖြင့် နိုင်ငံပေါင်း (၁၅၄) နိုင်ငံရှိ ထိုကဲ့သို့နေရာ(၂၃,၀၀၀)ကို ထိန်းသိမ်း စောင့် ရှောက်လျက်ရှိသည်။

ရန်ကုန်သို့လာရောက်ချိန်တွင် ရန်ကုန်လေဆိပ်မြောက်ဘက် (၁၂)မိုင်အကွာတွင် ကောင်းစွာထိန်းသိမ်းထားရှိသောအဆိုပါစစ်သင်္ချိုင်းကို မဖြစ်မနေသွားရောက်လည်ပတ်သင့်သည်။ ဒုတိ ယကမ္ဘာစစ်အတွင်းဂျပန်လူမျိုးများ တည်ဆောက်ခဲ့သည့် “သေမင်းတမန်ရထားလမ်း”(သို့) ထိုင်း-ဗမာ ရထားလမ်းကဲ့သို့ပင် ဒေသအတွင်းရှိ စိတ်ဝင်စားစရာများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ စစ်ကာလ တစ်လျှောက်ထောင်သားများ၊ဒေသခံပြည်သူ့ဝန်ထမ်းအလုပ်သမားများမှ ခက်ခဲကြမ်းတမ်းစွာ ကြိုးစား တည်ဆောက်ထားမှုများအတွက် နက်ရှိုင်းစွာ ခံစားရမည်ဖြစ်သည်။စစ်ကြောင့်ကုန်ကျစရိတ်များကို လူ အများ စိတ်အစဉ်အမှတ်တရရှိစေသည်။စစ်နှင့် ဆိုင်သည့် အခြားအကြောင်းအရာများ ပျောက်ကွယ်သွား သော်လည်း “သမိုင်းကြောင်းမှာဖျောက်၍မရပါ” ဟုဆိုနိုင်သည်။ ထောက်ကြံ့စစ်သင်္ချိုင်းမှ ပြန်လာပြီး နောက်ပိုင်းအချိန်အတန်ကြာသည်အထိ ခရီးသွား၏ စိတ်ဘဝင်တွင် တစ်ဝဲလည်လည်ဖြစ်‌နေသည့် ခံစား မှုကို ဖြစ်စေသည်။  “လွတ်လပ်နေသောလူသားများအတွက်၎င်းတို့အသက်စတေးခဲ့ရတယ်” ဟု  “ရန်ကုန် အမှတ်တရ” ခေါင်းစည်းပိုင်းတွင် ဖော်ပြပါရှိဖူးသည်။နေပူဒဏ်မှရှောင်ရှားနိုင်ရန် နှင့် သက်တောင့် သက်သာဖြစ်စေမည့်နံနက်ပိုင်းနှင့် ညနေပိုင်းတွင်သွားရောက်ရန် အကြံပြုလိုသည်။ဝင်ကြေးပေးရန် မလိုဘဲ နံနက်(၈)နာရီညနေ(၄)နာရီထိနေ့စဉ်ဖွင့်လှစ်ထားရှိသည်။လေးစားစရာကောင်းသည့် အသက် ပေးတာဝန်ထမ်းခဲ့သည့် စစ်သားများကို ဂုဏ်ပြုနိုင်ရန်အလို့ငှာ သွားရောက်လည်ပတ်သင့်ပါသည်။ မင်္ဂလာဒုံမြို့နယ် ထောက်ကြံ့တွင် တည်ရှိသည်။ ရန်ကုန်မြို့မှ (၂၅)ကီလိုမီတာအကွာ ပြည်လမ်းမအပေါ်တွင် တည်ရှိသည်။ ရန်ကုန်မြို့ မြို့လယ်ခေါင်မှ ကားဖြင့် (၄၅)မိနစ် ကြာအဝေးနှင့် နိုင်ငံတကာလေဆိပ်မှ (၂၅) မိနစ်အကွာတွင်တည်ရှိသည်။ အတိအကျ ဆိုပါက မြောက်လတ္တီကျု ၁၇ ဒီဂရီ ၀၂ မိနစ် ၀၈.၂၄ စက္ကန့်နှင့် အရှေ့လောင်ဂျီကျု  ၉၆ ဒီဂရီ ၀၇ မိနစ် ၅၅.၂၈ စက္ကန့်တွင်ရှိပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED