Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ဗိုလ်ချုပ်အောင်ဆန်းဈေး – Tourism Myanmar
Skip to content

ရန်ကုန်ရှိ ဆွဲဆောင်မှုများ

ဗိုလ်ချုပ်အောင်ဆန်းဈေး

နောက်ခံသမိုင်းကြောင်း

ဗိုလ်ချုပ်အာင်ဆန်းဈေးကို မြန်မာနိုင်ငံတွင် ဗြိတိသျှအစိုးရအုပ်ချုပ်ချိန် ၁၉၂၆ ခုနှစ်တွင် တည် ဆောက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဘောလုံးနည်းပြဖြစ်သူ ဗြိတိသျှ နိုင်ငံသား အစိုးရ ဝန်ထမ်းဖြစ်သူ Mr James George Scott အားအစွဲပြု၍ “စကော့ဈေး” ဟုခေါတွင်သည်ဟု ယူဆရသော်လည်း အမှန် တကယ်မှာနောက်ပိုင်းတွင် မြူနီစီပယ် ကော်မရှင်အဖွဲ့ဝင် Mr Gavin Scott ကို အစွဲပြု မှည့်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင်သိရှိရသည်။၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း တွင် ဗိုလ်ချုပ်ဆောင်ဆန်း‌ဈေးဟု နာမည်ပြောင်းလဲခေါ်တွင် ခဲ့ပါသည်။

လာရောက်လည်ပတ်သင့်သည့်အကြောင်းအရင်း

ရန်ကုန်မြို့၏ အထင်ကရနေရာများအား လည်ပတ်ပြီးနောက်ပျော်ရွှင်ဖွယ်ရာအချိန်များကို မည်ကဲ့သို့ကုန်ဆုံးကြမည်နည်း။

ဗိုလ်ချုပ်ဈေးသည် ရန်ကုန်သို့ လာ‌ရောက်လည်ပတ်သူတိုင်းအတွက် မဖြစ်မနေ သွားရောက် သင့်သည့် နေရာများထဲမှ တစ်ခုဖြစ်ပါသည်။ ဗိုလ်ချုပ်ဈေးသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဈေးများ ထဲမှတစ်ခုဖြစ်ပြီး ဈေးအဆောက်အအုံတွင် ကိုလိုနီခေတ်၏ အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ဗိသုကာလက်ရာများနှင့် ကျောက်စီလမ်းများကိုတွေ့မြင်ခံစားနိုင်ပါသည်။ ဈေးရုံ၏အနီးတစ်ဝိုက် နှင့်ထောင့်များတွင် ရှေးဟောင်းပစ္စည်းများ၊ မြန်မာလက်မှုပစ္စည်းများ၊ လက်ဝတ်ရတနာဆိုင်များ နှင့် အဝတ်အစားဆိုင်များကို တွေ့ရှိနိုင် ပါသည်။ အစားအသောက်ကြိုက် နှစ်သက်သူများအနေဖြင့် ဝက်သားတုတ်ထိုး (ဝက်အူ၊ဝက်လျှာ၊ဝက်နားရွက်) အစရှိသည် တို့ကိုသွားရောက်မြည်းစမ်းကြည့် ပါ။

ဝယ်ယူနိုင်မည့်ပစ္စည်းများ

မြန်မာ့ရိုးရာအချိတ်ပိုးထည်(ဘရိုကိတ်)ထည်များနှင့် ရှေးဟောင်းယွန်းထည်များအစရှိသော ပစ္စည်းများကို ဝယ်ယူရန်အကြံပြုပါသည်။ ဈေးထဲတွင် လက်ရာသေသပ်သော အပ်ချုပ်ဆရာများ လည်းရှိပါသည်။ စျေးနောက်ဘက်တွင်ရှိသည့် “The lady Home” ဟုခေါ်သော စားသောက်ဆိုင် တွင်လည်း အရသာရှိသော ဟင်းလျာများကို မြည်းစမ်းကြည့်သင့်ပါသည်။

တည်နေရာ

ဗိုလ်ချုပ်ဈေးသည် ပန်းဘဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင်တည်ရှိပါသည်။

ဈေးဖွင့်ချိန် – မနက် ၉:၀၀ မှ ညနေ ၅:ဝဝ နာရီအထိ။ ပိတ်ရက်မှာ တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များ ဖြစ်ပါသည်။

ဝင်ကြေး-အခမဲ့

သွားရောက်နိုင်သည့်နည်းလမ်း

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED