Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရန်ကုန်နံရံများ – Tourism Myanmar
Skip to content

ရန်ကုန်မြို့ရှိ ဆွဲဆောင်မှုများ

ရန်ကုန်နံရံများ

နောက်ခံသမိုင်းကြောင်း

ရန်ကုန်နောက်ဖေးလမ်းကြားအတွက် Delphine de Lorme က ဦးဆောင်၍ “ဒို့အိမ်” ဟု ခေါ်သည့် ဒေသခံအဖွဲ့အစည်းတစ်ခု၏ ဆောင်ရွက်ဆဲလုပ်ငန်းတစ်ခုဖြစ်သည်။ (၂၉)လမ်းမှ (၄၂)လမ်း ထိ ဗိသုကာလက်မှုပညာများကို တွေ့မြင်နိုင်သည်။ “ဒို့အိမ်” မှ ၂၀၁၆ ခုနှစ်တွင် လမ်းကြားများ၌ သစ်ပင်များစိုက်ခြင်းအားဖြင့် အမှိုက်လမ်းကြားမှ ဥယျာဉ်လမ်းကြားအဖြစ် ပြောင်းလဲခဲ့သည်။ “ဒို့အိမ်” မှ လမ်းကြားများကို ထိန်းသိမ်းပြုပြင်ပြီး သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးနောက် ရန်ကုန်နံရံ များမှ နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ ပန်းချီအနုပညာရှင်များကို အဆိုပါစီမံချက်တွင်ပါဝင်ရန် ဖိတ်ခေါ်ခဲ့ သည်။ အရောင်အသွေးစုံလင်စွာဖြင့် ရေးဆွဲထားသည့် သစ်ကုလားအုတ်ပုံများ၊ မြန်မာ့ရိုးရာပုံပြင်များကို ထင်ဟပ်စေသည့် နံရံဆေးရေးပန်းချီများဖြင့် မြို့ပြတောအုပ်ပုံစံကို ဖန်တီးထားရှိသည်။ ၁၉၇၅ ခုနှစ်ကာလကို ပြန်ပြောင်းထင်ဟပ်စေသည့် မြန်မာအမျိုးသမီးငယ်များ၏ မြန်မာဝတ်စုံ ဝတ်ဆင်မှု၊ ရိုးရာယဉ်ကျေးမှုပုံစံများကို သတိရစေပါသည်။ တနင်္ဂနွေနေ့ နံနက်တိုင်းတွင် “Zumba” အကများ၊ Yoga ကျင့်စဉ်များတွင် ပါဝင်ဆင်နွှဲနိုင်သည်။ အသင်းအနေဖြင့် လျစ်လျူရှုထားသော နေရာများကို ထိန်းသိမ်းပြုပြင်သန့်ရှင်းရေးပြုလုပ်နိုင်မည့် စေတနာ့ဝန်ထမ်းများကို စုစည်း ဆောင်ရွက်ခြင်းဖြစ်သည်။

          အသင်းအနေဖြင့် “Atlier” ဟုခေါ်သည့် အနုပညာပြခန်း ဖွင့်လှစ်ထားရှိပြီး ရောင်းရသမျှ ငွေကြေးများကို နောင်လာမည့်စီမံကိန်းများအတွက် ထည့်ဝင်လှူဒါန်းမှုများ ပြုလုပ်ဆောင်ရွက်ပေး ပါသည်။ လမ်းအနုပညာ ဖန်တီးခြင်းတစ်ဖက်တွင် စီမံကိန်းအနေဖြင့် ဒေသခံပြည်သူများ၏ ဘဝများ၊ အတွေးခေါ်များကို တိုးတက်စေနိုင်ပြီး ၎င်းတို့ကိုယ်ပိုင်ဂုဏ်ယူမှုများဖြင့် ရှင်သန်နေစေပါသည်။

သွားရောက်လည်ပတ်သင့်သည့်အကြောင်းရင်း

မြို့ပြ လူစည်ကားရာနေရာများကို သွားရောက်လည်ပတ်ပြီးနောက် မျှော်မှန်းချက်များပြည့်စုံ စေရန် ရန်ကုန်နံရံများမှ တန်ဖိုးရှိသော သွင်ပြင်လက္ခဏာများကို ရှုမြင်ခံစားစေပါသည်။ လမ်းအလှဆင် ခြင်းအနုပညာများနှင့်အတူ လူသိနည်းသောနောက်ဖေးလမ်းကြားအဖြစ်မှ အံ့ဩစရာကောင်းသော ရယ်မြူးပျော်ရွှင်သံများ ဆူညံနေသည့်လမ်းများဖြစ်သောနေရာ ဖြစ်လာပါသည်။ ရန်ကုန်မြို့ဘဝများ၏ “ခန်းဆီးနောက်ကွယ်” ဟု တင်စားခေါ်ဝေါ်လေ့ရှိပြီး ဒေသများ၏ ဘဝခက်ခဲကြမ်းတမ်းမှုများကို ဖြေဖျောက်စေနိုင်မည့် နောက်ဖေးလမ်းကြားများတွင် ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိနိုင်သည်။ ၎င်း လမ်းများသည် ယခင်က အမှိုက်ပုံဖြစ်ခဲ့ရာမှ ယခုအခါ “အမှိုက်လမ်းကြား” မှ “ဥယျာဉ်လမ်းကြား” အဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ရောင်စုံပန်းချီကားများ၊ သရုပ်ဖော်မှုများ၊ ဓါတ်ပုံများကို စုစည်း တွေ့မြင်နိုင်သည်။ ထို့ကြောင့် “ဓါတ်ပုံများစုစည်းရာ” ဟု ခေါ်လေ့ရှိကြသည်။ အနုပညာမြောက်သော လမ်းများကြောင့် မြို့ပြအားသစ်လောင်းမှု အခန်းကဏ္ဍတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ နံရံ ဆေးရေးပန်းချီများသည် မြို့တော်များ၊ သက်ရှိလူသားများ၊ ယဉ်ကျေးမှုအနုပညာအကြောင်းကို စေ့ဆော်ထင်ဟပ်စေသည်။ ၎င်းအနုပညာများသည် မြန်မာလမ်းယဉ်ကျေးမှု၏ အားကောင်းခိုင်မာသော ရည်မှန်းချက်များကို အထောက်အပံ့ပေးနိုင်ရုံသာမက လမ်းပြုပြင်ထိန်းသိမ်းမှု အရေးပါပုံနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုသဘောတရားများကိုလည်း ထင်ဟပ်စေသည်။

တည်နေရာ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED