Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အာနန္ဒာဘုရား – Tourism Myanmar
Skip to content

ပုဂံရှိဆွဲဆောင်မှုများ

အာနန္ဒာဘုရား

သမိုင်းနောက်ခံ

အာနန္ဒာဘုရားကို ၁၀၉၁ခုနှစ်တွင် ကျန်စစ်သားမင်းကြီးက တည်ထားခဲ့သည်။ အာနန္ဒာ ဘုရား တည်ထားပုံသည် အနုပညာလက်ရာမြောက်ပြီး၊ အောက်ခြေတွင် လေးထောင့်ပုံသဏ္ဍာန် ဖြစ်ကာ၊ အုတ်နံရံအထစ်များ၊ ထီးတော်ပါရှိသော စေတီများက ဝန်းရံထားသည်။ အာနန္ဒာဘုရား သည် ပုဂံတွင် ထင်ရှားသော ဘုရားတစ်ဆူဖြစ်ပြီး၊ အမြင့် ၅၁မီတာရှိကာ၊ မြောက်မှတောင်သို့ ၁၈၀မီတာ၊ အရှေ့မှ အနောက်သို့ ၁၈၂မီတာ ကျယ်ဝန်းပါသည်။ ဘုရားအတွင်းတွင် ဉာဏ်တော် ၁၀မီတာနီးပါးအမြင့်ရှိ မတ်ရပ်ဆင်းတု တော်လေးဆူကို ထည့်သွင်းတည်ထားပါသည်။ သို့သော် အာနန္ဒာစေတီတော်သည် ၁၇ရာစုတွင် မီးခခဲ့သဖြင့် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ကာ အရှေ့မုခ် နှင့် အနောက်မုခ်ရှိ ရုပ်ပွားဆင်းတုတော်များကို တည်ထားခဲ့သည်။

       အာနန္ဒာဘုရားသည် ၁၉၇၅ ခုနှစ်တွင် မြေငလျင်ဒဏ်ကြောင့် ပြင်းထန်စွာပျက်စီးခဲ့ရပြီး ထိုအချိန်မှစ၍ စဉ်ဆက်မပြတ် မွမ်းမံထိန်းသိမ်းလာခဲ့သည်။ ၁၉၉၀ပြည့်နှစ်တွင် စေတီတော် နှစ်၉၀၀ပြည့် ပွဲတော်ကိုကျင်းပခဲ့ပြီး ဘုရား၏အစိတ်အပိုင်းအချိုကို ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ ပါသည်။

ဘာကြောင့်လည်ပတ်သင့်

အာနန္ဒာဘုရားသည် ပုဂံတွင် အခမ်းနားဆုံး ဘုရားတစ်ဆူဖြစ်ပြီး၊ ပုဂံရောက်ပါက မဖြစ်မနေ သွားရောက်လည်ပတ်ရမည့် နေရာတစ်ခုဖြစ်ပါသည်။ အခြားစေတီပုထိုးများထက် တမူထူးခြားပြီး မုခ်ဦး(၄)ခုတွင် ကြီးမားထည်ဝါသော ဗုဒ္ဓဆင်းတုတော် (၄)ဆူတည်ရှိပါသည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော် (၄)ဆူသည် ပရိနိဗ္ဗာန်စံဝင်ပြီးကုန်သော ဘုရား(၄)ဆူ၏ ကိုယ်စား ကိုယ်ပွားတည်ထားခြင်းဖြစ်ပြီး၊ မြောက်ဘက်မုခ်တွင် ကကုဿန်မြတ်စွာဘုရား၊ တောင်ဘက် တွင် ကဿဖမြတ်စွာဘုရား၊ အရှေ့ဘက်တွင် ကောဏဂါမဏမြတ်စွာဘုရားနှင့် အနောက်အရပ် တွင် ဂေါတမမြတ်စွာဘုရားတို့ဖြစ်ပါသည်။

ဘယ်အချိန်သွားရောက်လည်ပတ်သင့်

ပုဂံကို တစ်နှစ်တာပတ်လုံးသွားရောက်လည်ပတ်နိုင်ပါသည်။

သွားလာလည်ပတ်နိုင်သော နည်းလမ်းများ

Video

Enjoy Traveller's Stories

 

 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 
 
 

 

A post shared by Елена (@przhevalskaiaelena) on

 
View this post on Instagram
 

A post shared by TRAVEL COUPLE ✈️ (@viajarmelhoremedio) on

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED