Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မန္တလေး – Tourism Myanmar
Skip to content

မန္တလေး

စိတ်ဝင်စားဖွယ်အချက်များ

  • မန္တလေးသည် အိန္ဒိယ ကျောက်ထုလွှာနှင့် ဆွန်းဒါး (ဆွန်ဒါ) ကျောက်ထုလွှာတို့ဆုံရာ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် တည်ရှိပါသည်။ ယင်းကျောက်ထုလွှာလှုပ်ရှားမှု ငလျင်သည် ၁၉၅၆ ခုနှစ်တွင် နောက်ဆုံးဖြစ်ပေါ်ခဲ့ပါသည်။
  • မန္တလေးတွင် မေလမှ အောက်တိုဘာလအထိကို စိုစွတ်ရာသီအဖြစ်လည်းကောင်း၊ နိုဝင်ဘာလမှ ဧပြီလအထိကို ပူပြင်းခြောက်သွေ့သောရာသီအဖြစ်လည်းကောင်း တွေ့ကြုံခံစားနိုင်ပြီး မေလ နှင့်အောက်တိုဘာလအတွင်း လည်ပတ်မည်ဆိုပါက ထီးနှင့် မိုးကာအင်္ကျီဆောင်ထားရန် လိုအပ်ပါသည်။
  • မန္တလေးမြို့သည် အင်ဒိုနီးရှားနိုင်ငံရှိ စီရီဘွန်၊ တရုတ်နိုင်ငံရှိ ကူမင်းမြို့နှင့် ကမ္ဘောဒီး ယားနိုင်ငံရှိ ဖနွမ်းပင်မြို့များနှင့်အမြွှာမြို့တော်ဖြစ်ပါသည်။ အမြွှာမြို့တော်များသည် လူမှုရေးဆက်ဆံရေးနှင့် ယဉ်ကျေးမှုများ အချင်းချင်းဆက်စပ်နေကြသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးကို ခရစ်နှစ် ၁၈၅၇ ခုနှစ် တွင် တည်ထောင်ခဲ့ပါသည်။ မန္တလေးမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းပေါ်တွင် တည်ရှိပါသည်။ “မန္တလေးတောင်” ကိုအစွဲပြု၍ “မန္တလေး” ဟု အမည်တွင်ခဲ့ပြီး ယင်းအမည်သည် လူအများအတွက် နှစ်ပေါင်းများစွာ စဉ်းစားစရာတစ်ခု ဖြစ်ခဲ့သည်။ မန္တလေးသည် အင်္ဂလိပ်စာရေးဆရာ ရုဒ်ယတ် ကစ်ပလင်း (Rudyard Kipling) ဖွဲ့ဆိုခဲ့သည့် “မန္တလေး (Mandalay)” ကဗျာ၊ အိုလီစပိခ် (Oley Speaks) ရေးဖွဲ့ခဲ့သည့် “မန္တလေးသို့သွားသောလမ်းပေါ်ဝယ် (On the road to Mandalay)” သီချင်း၊ ဂျော့အော်ဝဲ (George Orwell) ရေးသားသော “မြန်မာပြည်၏နေ့ရက်များ (Burmese Day)” ဝတ္ထုတို့ ကြောင့်လည်းထင်ရှားလူသိများခဲ့သည်။

ယနေ့မြင်တွေ့နေကြရသော မန္တလေးသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ စုဝေး ရာဒေသတစ်ခုဖြစ်ပြီး အံ့ဩဖွယ်ရာပန်းတမော့အနုပညာနှင့် ဗိသုကာလက်ရာများ ထွန်းကား သောနိုင်ငံ၏ ဘာသာသာသနာထွန်းကားရာ ယဉ်ကျေးမှုနယ်မြေများထဲမှ တစ်ခုအပါအဝင် ဖြစ်ပါသည်။ မန္တလေးသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေးတို့အတွက် အဓိကအချက်အချာကျပြီး ASEAN Smart Cities Network စာရင်း၌ ပဉ္စမနေရာတွင် ရပ်တည်လျက်ရှိပါသည်။ ယခုလက်ရှိ ခေတ်မီဖွံ့ဖြိုးတိုးတက်နေမှုနှင့် ရှေးဟောင်းသမိုင်း ရာဇဝင်တို့ ရောနှောနေသည့် တမူထူးခြားသော ခံစားမှုမျိုးကို မန္တလေးတွင် မျက်မြင်ခံစား နိုင်ပါသည်။

သမိုင်းကြောင်း

ခရစ်နှစ် ၁၈၅၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မန္တလေးတောင်ခြေ၌ ကျုံးမြို့ရိုး လေးဘက် လေးတန်ကာရံ၍ မြန်မာဘုရင် မင်းတုန်းမင်းမှ မန္တလေးနန်းတော်ကို စတင်တည်ဆောက် ခဲ့သည်။ သာသနာတော်နှစ် ၂၄၀၀ ပြည့်အထိမ်းအမှတ်ပွဲတော် ကျင်းပရာနေရာအတိအကျ တွင် ဗုဒ္ဓဘာသာထွန်းကားသည့် မြို့တည်ရမည်ဟူသော ဟောကိန်းအရ နန်းတော်ကို ဆောက်လုပ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းနေပြည်တော်အဖြစ် ယနေ့ မြင်တွေ့နေရသော မန္တလေးရွှေမြို့တော်ကြီးသည် ဗြိတိသျှအင်ပါယာမှ မသိမ်းပိုက်မီ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် တောင့်တင်းခိုင်မာသော မြို့ကြီးတစ်မြို့အဖြစ်ရပ်တည်ခဲ့သည်။ မန္တလေးမြို့တော်သည် ဒုတိယကမ္ဘာစစ်ကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့ပြီး တော်ဝင်ဒင်္ဂါးသွန်းစက်ရုံနှင့် နန်းမြင့်မျှော်စင်တို့သာ အပျက်အစီးမရှိ ကြွင်းကျန် ရစ်ခဲ့သည်။

သွားလာလည်ပတ်နိုင်သော နည်းလမ်းများ

ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် နေရာများ

မန္တလေးသည် ခရီးသွားများအတွက် အံ့ဩဖွယ်ကောင်းသော လည်ပတ်စရာနေရာ များပြည့်နှက်နေသည့် မြို့ကြီးတစ်မြို့ဖြစ်ပါသည်။ ခရီးသွားဧည့်သည်တိုင်း ဤမြို့ကို ချစ်မြတ်နိုးကြမည်မှာ ဧကန်စင်စစ်ပင်ဖြစ်သည်။ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်း ကန်များတွင်လည်း မြန်မာနိုင်ငံ၏ အကောင်းဆုံးသော ရှေးဟောင်းဗိသုကာလက်ရာများကို လေ့လာနိုင်ပါသည်။ ဘာသာတရားကိုင်းရှိုင်းသော ဒေသခံပြည်သူများနှင့် နိုင်ငံတကာ ခရီးသွားများအတွက် ဝတ်ပြုဆုတောင်းနိုင်သည့်နေရာများလည်း ပေါများလှပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ဘာသာသာသနာဆိုင်ရာ ပထမဆုံးအတွေ့အကြုံကို ကိုယ်တိုင် ကိုယ်ကျတစ်ဖက်တစ်လမ်းမှလေ့လာနိုင်မည့် တမူထူးခြားသော အခွင့်အလမ်းတစ်ရပ်ကို လည်းရရှိနိုင်မည်ဖြစ်ပါသည်။ မန္တလေးတောင်အနီးရှိ ဘုန်းကြီးကျောင်းများကို သွားရောက် လည်ပတ်မည်ဆိုပါက ခေတ်မှီမော်တော်ယာဉ်များအကြားတွင် သန့်စင်မွန်မြတ်လှစွာသော သင်္ကန်းကိုရုံကာ လမ်းတစ်လျှောက် ဆွမ်းခံကြွတော်မူကြသော ဘုန်းတော်ကြီးများ၏ ကြည်ညိုဖွယ်မြင်ကွင်းကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

မန္တလေးတောင်သည် မန္တလေးမြို့တစ်မြို့လုံးကို နောက်ခံထား၍ သဘာဝနေဝင်ချိန် သို့မဟုတ် နေထွက်ချိန်၏ အလှအပကိုခံစားရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ပါသည်။ မန္တလေးတောင်ထိပ်ပေါ်မှ မြင်တွေ့ရသော မြင်ကွင်းမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလှ ပေသည်။ Instagram ကဲ့သို့သော လူမှုကွန်ယက်များပေါ်တွင်မျှဝေရန် အကောင်းဆုံးသော ဓာတ်ပုံများရိုက်ယူနိုင်မည့် အခွင့်အလမ်းများရရှိနိုင်ပါသည်။ ထိုမျှသာမက မန္တလေးမြို့မှ မိနစ် (၂၀)ခန့်မောင်းနှင်ရသောနေရာတွင်ရှိသည့် ကမ္ဘာအရှည်ဆုံး သစ်သားတံတား ဖြစ်သော “ဦးပိန်” တံတားပေါ်တွင်လည်း လမ်းလျှောက်နိုင်ပါသည်။

တန်ဖိုးကြီးအမှတ်တရပစ္စည်းများ ဝယ်ယူရန်အတွက်လည်း နာမည်ကျော်ကြား လူကြိုက်များသော ၄၂ လမ်းရှိ ကျောက်စိမ်း ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) ရှိပြီး ကျောက်ဝိုင်းတလျှောက်ပတ်၍ လိုအပ်သလို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ဒေသထွက် ကျောက်မျက်ရတနာထုတ်ကုန်များကိုလည်း ဝယ်ယူနိုင်ပါသည်။ ကျောက်မျက်ရတနာများ ကိုနှစ်သက်မြတ်နိုးသူဖြစ်ပါက ကျောက်စိမ်းအသုံးအဆောင်များနှင့် ကျောက်မျက်ရတနာ များဖြင့်ပြုလုပ်ထားသော လက်ဝတ်ရတနာပစ္စည်းများကို ပြုလုပ်ဝယ်ယူနိုင်ပါသေးသည်။ မန္တလေးကို အဘယ့်ကြောင့် ယဉ်ကျေးမှုမြို့တော်ဟု မကြာခဏခေါ်ဆိုကြခြင်းကို မန္တလေးသို့ ရောက်ရှိမှသာ သိရှိနိုင်မည်ဖြစ်ပါသည်။

လုပ်ဆောင်နိုင်သော အရာများ

ဦးပိန်တံတားပေါ်တွင် လမ်းလျှောက်ခြင်း

ကမ္ဘာ့အရှည်ဆုံးသစ်သားတံတားဖြစ်သော ဦးပိန်တံတားသည် ၁ ဒဿမ ၂ ကီလို မီတာရှည်လျားပြီး အင်းပေါ်တွင်ဖြတ်၍တည်ဆောက်ထားသည်။ တံတားပေါ်တွင် အမှတ် တရဖြစ်ဖွယ် လမ်းလျှောက်ရသောအရသာကိုခံစားနိုင်ပြီး ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများကို လည်းရိုက်ယူနိုင်ပါသည်။ ဦးပိန်တံတားသည် နှစ်စဉ်မန္တလေးသို့ လာရောက်လည်ပတ်သော ခရီးသွားများအဖို့ အဆွဲဆောင်နိုင်ဆုံးသောနေရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ပါသည်။ အကြံပြုချက်-နေဝင်အလှကို ခံစားရန် နေမဝင်မီ ၂ နာရီ ခန့်ကြိုတင်ရောက်ရှိရန် မမေ့ပါနှင့်။

မန္တလေးတောင်သို့ခရီးတစ်ခေါက်

မန္တလေးတောင်သည် မန္တလေးသို့ရောက်ရှိပါက အဓိကထား၍ မဖြစ်မနေအရောက် သွားသင့်သည့် နေရာတစ်ခုဖြစ်ပါသည်။ မီတာ ၂၄၀ မြင့်မားသော မန္တလေးတောင်ပေါ်သို့ တက်ပြီး အံ့ဩမှင်သက်ဖွယ် ကောင်းသော ကျယ်ပြောလှသည့် ရှုခင်းကို ကြည့်ရှုခံစား နိုင်ပါသည်။ စက်လှေကားနှင့်ဓာတ်လှေကားများ တပ်ဆင်ထားသောကြောင့် တောင်ပေါ်သို့ ခြေလျင်မတက်နိုင်မည်ကို မစိုးရိမ်ပါနှင့်။ နေထွက်ချိန် (သို့မဟုတ်) နေဝင်ချိန်အတွင်း လည်ပတ်ရန် ထပ်မံဖြည့်စွက်၍ အကြံပြုလိုပါသည်။

မန္တလေးနန်းတော်

မန္တလေးတောင်အနီးရှိ အလွန်ကြီးမားလှသော မြို့ရိုးရှိသည့် မန္တလေးနန်းတော်ကို လည်း မမေ့ထားသင့်ပေ။ ဤနန်းတော်၏စင်္ကြံများကို ဖြတ်သန်းသွားလာခြင်းသည် မြန်မာ ဘုရင်များ ကိုယ့်ထီးကိုယ့်နန်းနှင့်အုပ်စိုးခဲ့သည့်အချိန်ကို ပြန်လည်အမှတ်ရစေမည်ဖြစ်ပါ သည်။ နန်းတော်အတွင်းတွင် မျှော်စင်ငယ် ၄၈ ခုနှင့် တံခါး ၁၂ ပေါက် ပါရှိသည်။ ဤကဲ့သို့ ခမ်းနားထည်ဝါသော နန်းတော်တည်ဆောက်ပုံများကို လေ့လာမည်ဆိုပါက အချိန်နာရီ အနည်းငယ်ကြိုယူထားသင့်ကြောင်း အကြံပြုလိုပါ သည်။

အံ့ဩဖွယ်ကောင်းသော ဒေသထွက်အစားအသောက်များကို မြည်းစမ်းခြင်း

ဒေသထွက်အစားအစားများကို မြည်းစမ်းခြင်းက ခရီးစဉ်၏ မပါမဖြစ် အစိတ်အပိုင်း တစ်ခုဖြစ်စေပါသလား။ ဒီလိုအရာတွေကို မန္တလေးတွင် ပြုလုပ်သင့်ပါသည်။ မန္တလေးတွင် လမ်းဘေးအစားအသောက်တန်းများနှင့် ဒေသခံစားသောက်ဆိုင်များကို အံ့ဩဖွယ်ကောင်း လောက်အောင် ခင်းကျင်းထားကြသည်။ ဒေသခံစားသောက်ဆိုင်တစ်ဆိုင်တွင်ထိုင်၍ လက်ဖက်ရည်သောက်ပြီး ဒေသခံများကို လေ့လာကြည့်ပါ။ ညစာစားသည့်အခါမှာလည်း လက်ဖက်သုပ်နှင့်ကြက်သားအုန်းနို့ချက်ကိုလည်း မြည်းစမ်းကြည့်ဖို့ မမေ့လေနှင့်။

Video

Mandalay Itineraries

ပထမနေ့ – မန္တလေးမြို့သို့လည်ပတ်ခြင်း

ဒုတိယနေ့ – အမရပူရမြို့ဟောင်းသို့လည်ပတ်ခြင်း

တတိယနေ့ – မင်းကွန်းသို့သွားရောက်လည်ပတ်ခြင်း

Read More …

DAY 1: ARRIVE IN PYAY

DAY 2: VISIT SRI KSETRA ANCIENT CITY

DAY 3: GO TO TAUNGDWINGYI

DAY 4: EXPLORE BEIKTHANO ANCIENT CITY

DAY 5: EXPLORE BAGAN

DAY 6: TRAVEL TO SHWEBO TOWN

DAY 7: VISIT HALIN ANCIENT CITY

DAY 8: EXPLORE MANDALAY

Read More …

DAY 1 – ARRIVE IN MANDALAY

DAY 2 – SIGHTSEEING AROUND MANDALAY

DAY 3 – MINGUN & AMARAPURA
Read More …

Blogs

Chin state view point

A Mountain Lover’s Guide to Myanmar

A Mountain Lover’s Guide to Myanmar By June Franco Love travelling down long winding hilly roads, soaking up the hillside greenery while enjoying cool weather? Then Myanmar is just the…
Pahtodaw gyi

The Unfinished Story of Mingun Pahtodawgyi

By Stuart Danker After visiting the Laykyun Setkyar statue near Monywa in Myanmar, I was certain that I had seen the most impressive of large structures in this country. However,…
shutterstock_290358764

Charmed by Mandalay

By Uma Mageshwary Gunasakaran   Our first impression of Mandalay upon arrival was that it was just another city like Yangon. However, as we browsed through the attractions map provided…
The stupa in Mingun, (mignun pagoda)at northwest of Mandalay in Sagaing Region in central Myanmar 1669460461

Heading the Ancient of Myanmar

Heading the Ancient of Myanmar By Carol Rudy The ancient cities of Myanmar have long been a cultural attraction with their ancient temples and ruins that mark the rise and…
shutterstock_1734539180

Peak of Mandalay Hill

Peak of Mandalay Hill By Amy Nair If you’re in Mandalay, look towards the horizon in the north east and you will see a hill with golden pagodas peaks jutting…

Popular in Mandalay Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED