Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အင်းလေးကန် – Tourism Myanmar
Skip to content

အင်းလေးကန်

စိတ်ဝင်စားဖွယ် အချက်များ

  • အင်းလေးကန်ပတ်လည်နှင့် ကျွန်းမျောများတွင် ရွာပေါင်း(၁၇)ရွာရှိပြီး တစ်ရွာချင်းစီ အလိုက် ထူးခြားထင်ရှားသော ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုများရှိကြပါသည်။
  • ဒေသခံများသည် ခြေတံရှည်အိမ်များတွင် နေထိုင်ကြပြီး အဆိုပါ ခြေတံရှည်အိမ်များ တွင် တစ်ည (သို့မဟုတ်) နှစ်ညတာ တည်းခိုနေထိုင်ခြင်းသည် အင်းလေးကန်၏ ကမ္ဘာလှည့်ခရီး သွားများအား အဓိကဆွဲဆောင်ရာဖြစ်ပါသည်။
  • အင်းလေးကန်သည် ဈေးဝယ်ရန် နေရာကောင်းတစ်ခုဖြစ်ပြီး ရွာတစ်ရွာချင်းစီ အလိုက်ရေပေါ်ဈေးရှိပြီး ၎င်းနေရာတွင် ကုန်သည်များသည်လှည့်လည်၍ ကုန်ပစ္စည်း များကို အရောင်းအဝယ်ပြုလုပ်ကြပါသည်။

အင်းလေးကန်သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နှလုံးသား သဖွယ်တည်ရှိပါသည်။ အင်းလေးကန်ကို တောင်တန်းများဖြင့် ဝန်းရံထားပြီး ရင်သပ်ရှုမောဖွယ်ကောင်းသော သဘာဝအလှအပများကို ခံစားနိုင်ပါသည်။ ၎င်းနေရာတွင် တိရစ္ဆာန်များနှင့် အပင်မျိုးစိတ်များစွာကိုတွေ့ရှိနိုင်ပြီး ရှားပါးမျိုးစိတ်အချို့ကိုလည်း တွေ့ရှိ နိုင်ပါသည်။ အင်းလေးသည် ရိုးရာ ယဉ်ကျေးမှုများကို မပျောက်မပျက်ထိန်းသိမ်းထားဆဲ ဖြစ်သည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်ရာဒေသဖြစ်ပါသည်။

          အင်းလေးကန်သည် မြန်မာနိုင်ငံ၌ မဖြစ်မနေသွားရောက်လည်ပတ်သင့်သည့်နေရာ တစ်ခုဖြစ်ပြီး သွားရောက်လည်ပတ်ပါက ဒေသခံများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရိုးရာအတိုင်း သစ်ပင်စိုက်သည့် နည်းလမ်းများ၊ ငါးဖမ်းနည်း၊ ဟင်းချက်နည်းနှင့် လက်မှုပညာများကို လေ့လာနိုင်မည်ဖြစ်ပါသည်။ ကျေးရွာသူ၊ ကျေးရွာသားများသည် ခရီးသွားများအပေါ် နွေးထွေး ပျူငှာစွာဆက်ဆံကြပြီး ရင်းနှီးဖော်ရွေမှုရှိကြပါသည်။ ဒေသခံများ၏ နွေးထွေးစွာကြိုဆိုမှု နှင့်အတူ အင်းလေးရှိ မမြင်တွေ့ဖူးသောသဘာဝအလှတရားများအား ရှာဖွေလေ့လာကြည့်ရှု နိုင်ပါသည်။

ထူးခြားချက်များ

အင်းလေးကန်သည် ဟန်ချက်ညီသည့် မြန်မာ့ကျေးလက်လူနေမှုဘဝနှင့် သဘာဝ အလှအပများဖြင့် ဆွဲဆောင်လျက်ရှိပါသည်။ ၎င်းတွင် ကျေးရွာ (၁၇) ရွာရှိပြီး ကျေးရွာသူ၊ ကျေးရွာသားများသည် အင်းလေးကန်တွင်နေထိုင်သည့် အင်းသား၊ ရှမ်း၊ တောင်ရိုး၊ ပအိုဝ်း၊ ဓနု၊ ကယား၊ ဓနောနှင့် ဗမာစသည့် မတူညီသောတိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်ကြ ပါသည်။ အများစုသည် ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ပြီး အဓိကအသက်မွေးဝမ်းကြောင်း မှာ စိုက်ပျိုးမွေးမြူရေးနှင့် ငါးဖမ်းခြင်းကို လုပ်ကိုင်ကြပါသည်။ အင်းသူ၊ အင်းသားများ၏ ခြေတစ်ဖက်ဖြင့် လှေလှော်ခြင်းနည်းလမ်းသည် ကျော်ကြားပြီး အင်းလေးကန်တွင်သာ တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ အင်းလေးကန်တွင် ရှားပါးအပင်နှင့်သတ္တဝါ မျိုးစိတ်ပေါင်း များစွာရှိခြင်းသည် မြန်မာနိုင်ငံ၏ သဘာဝအလှတရားပေါကြွယ်ဝသည့် နေရာတစ်ခုဖြစ်လာ စေခြင်းဖြစ်ပါသည်။

သွားလာလည်ပတ်နိုင်သော နည်းလမ်းများ

ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သည့် နေရာများ

အင်လေးကန်သည် သဘာဝအလှတရာများဖြင့် ပေါကြွယ်ဝလျက်ရှိပါသည်။ ထူးခြား ဆန်းပြားသော တိရစ္ဆာန်မျိုးစိတ်များ၊ ရှားပါးသော ရွှေ့ပြောင်းငှက်မျိုးစိတ်များနှင့် စိမ်းလမ်း စိမ်းစိုပြည်သော သစ်ပင်ပန်းမန်များသည် ကန်၏ရှုခင်းများကို လှပစွာတန်ဆာဆင်လျက် ရှိပြီး သွားရောက်လည်ပတ်ရန် အကောင်းမွန်ဆုံးနေရာတစ်ခု ဖြစ်လာစေပါသည်။ အင်းလေး ကန်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် တောရိုင်းတိရစ္ဆာန်များကို လေ့လာနိုင်ပြီး ထိန်းသိမ်း ထားသော မျိုးစိတ်များကိုကြည့်ရှုခြင်း၊ ခြေတစ်ဖက်တည်းဖြင့် လှေလှော်ကြည့်ခြင်းနှင့် အခြားသော ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြင့် အမှတ်တရခရီးစဉ်များကို ဖန်တီးနိုင်မည်ဖြစ်ပါသည်။

          အင်းလေးကန်၏ ထူးခြားသော ခြေတံရှည်ရေပေါ်အိမ်များသို့ သွားရောက်လည်ပတ် လျင်လည်း ရင်းနှီးဖော်ရွေသော အင်းသူ၊ အင်းသားများနှင့် တွေ့ဆုံနိုင်မည်ဖြစ်ပါသည်။ ဒေသခံများသည် နွေးထွေးပျူငှာပြီး မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာခဲ့သည့် ငွေထည်နှင့် သတ္တုထည်လက်မှုပညာများလေ့လာရာတွင် ဝမ်းမြောက်စွာ လမ်းညွှန်ပြသပေး နိုင်ကြပါသည်။ အင်းလေးရှိ ရက်သတ္တပတ်ဈေးများတွင် အကောင်းဆုံးဒေသထွက်ကုန် ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး ဝယ်ယူနိုင်ပါသည်။

လုပ်ဆောင်နိုင်သော အရာများ

ထူးခြားထင်ရှားသော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသို့ သွားရောက်လည်ပတ်ခြင်း

အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အင်းလေးကန်အနီးတစ်ဝိုက် တွင်တည်ရှိပြီး ရာပေါင်းများစွာသော သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များအား ထိန်းသိမ်း စောင့်ရှောက်ရာနေရာဖြစ်ပါသည်။ တောရိုင်းတိရစ္ဆာန်များနှင့် ရှားပါးငှက်မျိုးစိတ်များကို စိမ်းလန်းစိုပြည်သော တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် တွေ့ရှိနိုင်မည်ဖြစ်ပြီး လေကောင်း လေသန့်ရရှိနိုင်မည်ဖြစ်ပါသည်။

ထူခြားသော ခြေတံရှည်အိမ်လေးများအား လေ့လာခြင်း

အင်းလေးကန်တွင် ခြေတံရှည်အိမ်ဟုခေါ်တွင်သည့် ထူးခြားသောအိမ်လေးများလည်း ရှိပြီး ၎င်းသည် ကန်ရေပြင်ပေါ်တွင်လှေကားချထားကာ ခိုင်ခံ့သောခြေတံရှည်အိမ်တိုင်များကို ထောက်တိုင်အဖြစ် အသုံးပြုထားပါသည်။ ထိုကဲ့သို့သော အိမ်ပုံစံများသည် ကမ္ဘာပေါ်တွင် အင်လေးကန် တစ်နေရာတည်းသာတွေ့ရှိနိုင်ပါသည်။ ထို့အပြင် ဒေသခံများသည်လည်း အလွန်ပင်နွေးထွေးပျူငှာပြီး ရင်းနှီးဖော်ရွေမှုရှိကြပါသည်။

စစ်မှန်သော မြန်မာ့ကျေးရွာများသို့ လည်ပတ်ခြင်း

အင်းလေးကန်ပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း (၁၇) ရွာတွင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းထားဆဲဖြစ်သည့် တိုင်းရင်းသားမျိုးနွယ်စုများ နေထိုင်ကြပါသည်။ တိုင်းရင်းသား လူမျိုးစုများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ လူနေမှုဘဝပုံစံများကို သိရှိနိုင်မည်ဖြစ်ပါသည်။

အင်းလေးသို့ လာရောက်လည်ပတ်လျှင် လှေမစီးပါက အင်းလေးသို့ရောက်ရှိသည် ဟုမဆိုနိုင်ပါ။ လှေများသည် သေးသွယ်ရှည်လျားသော အမြီးရှိသည့် သစ်သားလှေများဖြစ်ပြီး ကန်တစ်လျှောက် အံ့ဩဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ဖြတ်သန်းသွားလာနိုင်ပါသည်။ လှေဖြင့်သွားလာခြင်းသည် အင်းလေးကန်ပတ်ဝန်းကျင်တစ်ဝိုက်ကို လေ့လာရန်အကောင်းဆုံး နည်းလမ်းဖြစ်ပြီး နေဝင်ချိန်ဖြစ်ပါက အလှဆုံးရှုခင်းများကို ကြည့်ရှုနိုင်ပါသည်။

Video

Inle Itineraries

DAY 1: EXPLORE INLE LAKE
DAY 2: VISIT THE PAGODAS & EXPLORE WILDLIFE
DAY 3: VISIT KAKKU PAGODAS AND A WINERY
Read More …

Popular in Inle Lake

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED