Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မန္တလေးတောင် – Tourism Myanmar
Skip to content

မန္တလေးရှိ ဆွဲဆောင်မှုများ

မန္တလေးတောင်

တည်နေရာ

မန္တလေးမြို့လယ်မှ မြောက်ဘက်သို့သွားသော် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၃၀ ရှိ မန္တလေးတောင်သို့ ရောက်ရှိမည်ဖြစ်ပါသည်။ မန္တလေးတောင်ကို ဘုရားကျောင်းကန်များ နှင့် ခြံရံထားပြီး၊ မန္တလေးမြို့နှင့် မန္တလေးတောင်တို့သည် တင့်တယ်စွာ ပနံရလှသည်။ မန္တလေး တောင်ပေါ်မှ ရှုမြင်ရသောမြင်ကွင်းနှင့် နေဝင်နေထွက်အလှတို့သည် မန္တလေးတောင်တက်ရင်း တစ်နေ့တာခရီးစဉ်ကို အဆုံးသတ်မည့် ဧည့်သည်တို့အတွက် ထူးခြားသော ဆွဲဆောင်မှုပင် ဖြစ်ပါသည်။

နောက်ခံသမိုင်း

မန္တလေးတောင်နှင့်စန္ဒမုခိအမည်ရ ဘီလူးမတို့သည် သမိုင်းကြောင်းအရ ဆက်စပ်လျက် ရှိပါသည်။ မန္တလေးတောင်သမိုင်းတွင် ဂေါတမဗုဒ္ဓသည် ယင်းနေရာသို့ ကြွရောက်တော်မူလာရာ စန္ဒမုခိဘီလူးမသည် တစ်စုံတစ်ရာလှူဒါန်းရန်ရှာကြံပါသော်လည်း မရရှိသဖြင့် ၎င်း၏ သားမြတ် တို့ကို လှူဒါန်းရန်ဆုံးဖြတ်ကာ လှူဒါန်းလိုက်လေသည်။ ယင်းကဲ့သို့ ထူးကဲသော အလှူဒါန ကြောင့် စန္ဒမုခိဘီလူးမသည် နောင်အခါ ဤအရပ်ဒေသတောင်ခြေတွင် မြို့တော်တည်၍ သာသနာတော်ကို ကြီးစွာထောက်ပံ့သော မင်းဖြစ်လတ္တံ့ဟု ဗျာဒိတ်ပေးညွှန်ပြတော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မင်းတုန်းမင်းအား စန္ဒမုခိဘီလူးမဖြစ်ခဲ့ဖူးသူဟု ယုံကြည်ကြ သည်။ ထိုယုံကြည်မှုကြောင့် မန္တလေးတော်ပေါ်ရှိ ထောင့် ၄ ထောင့်တို့တွင် စန္ဒမုခိဘီလူးမက မြတ်စွာဘုရားရှင်ကို ဖူးမြော်ဟန် ရုပ်တုများကို ထားရှိထားပေသည်။

ဘာကြောင့်သွားလည်သင့်သလဲ

မန္တလေးတောင်သို့ မတက်မီ ကြီးမားသော ခြင်္သေ့ရုပ်တုကြီးနှစ်ခုက တောင်ခြေတွင် စောင့်ကြပ်ကြိုဆိုလျက်ရှိပါသည်။ တောင်ခြေတွင် ဖိနပ်များထားရှိရန် ဖိနပ်စင်များထားရှိ ပေးထားပါသည်။ တောင်ခြေတွင် ဖိနပ်များထားရှိရန် ဖိနပ်စင်များထားရှိပေးထားပါသည်။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးဆိုင်ရာ နေရာတစ်ခုဖြစ်သောကြောင့် တောင်ပေါ်သို့ ဖိနပ်များ စီးနင်းသွားရောက်ခြင်းကို ခွင့်မပြုပါ။ သို့သော် တောင်ပေါ်သို့ အနောက်ဘက်၊ မြောက်ဘက်၊ တောင်ဘက်နှင့်အရှေ့တောင်ဘက်ရှိ စောင်းတန်းများမှ ခြေဗလာဖြင့်တက်ရခြင်း သည် တက်ရကျိုးနပ်လှပါသည်။ စောင်းတန်းတစ်လျှောက်ရှိ အုတ်ခုံများတွင် ခေတ္တခဏ အပန်းဖြေအနားယူနိုင်ပါသည်။ တောင်ပေါ်သို့ တစ်လမ်းမောင်း တောင်တက်ကားလမ်းမှလည်း တက်နိုင်ပါသေးသည်။ သို့သော် စောင်းတန်းတစ်လျှောက်မြင်တွေ့နိုင်သော အရောင်အသွေး စုံလင်လှသည့် ဘုရားဖူးများ၊ ရှုမျှော်ခင်းများကို လက်လွှတ်ရပေလိမ့်မည်။ သင်၏ခြေလှမ်းအပေါ် မူတည်၍ တောင်တက်ချိန်သည် မိနစ် ၃၀ ခန့်၊ လှေကားထစ်ပေါင်း ၁၇၂၉ ထစ်ကို တက်ရပေ မည်။ မန္တလေးတောင်ပေါ်တွင် ကြည်ညိုသပ္ပာယ်ဖွယ်ကောင်းလှသော ဆုတောင်းပြည့်ဘုရားကို ဖူးမြင်နိုင်ပြီး၊ လှပကြည်နူးဖွယ်နေဝင်ချိန်ရှုခင်းကိုလည်း ကြည့်ရှုနိုင်ပါသည်။ တောင်တက်ခရီး မှာ အတန်ငယ်ကြာမြင့်ကောင်းကြာမြင့်နိုင်သော်လည်း ကျယ်ပြန့်သော ရှုမျှော်ခင်းနှင့် ဧရာဝတီ မြစ်ပေါ်က နေဝင်ချိန်ရှုခင်းကို ကြည့်ရသည်မှာ ထိုက်တန်လှပါသည်။ ထို့အပြင် တောင်ပေါ်ရှိ အင်္ဂလိပ်ဘာသာစကား လေ့လာသော ဗုဒ္ဓဘာသာ ရဟန်းသာမဏေငယ်များနှင့် စကားစမြည် ပြောဆိုနိုင်ပါသည်။ သာယာလှပသောရှုမျှော်ခင်းတွင် အပန်းဖြေရင်း သင်၏ချစ်ခင်ရသော သူများနှင့် မြန်မာနိုင်ငံ၏ နှစ်သက် ဖွယ် ခရီးစဉ်အကြောင်း မျှဝေနိုင်ပါသည်။

ဘယ်လိုသွားရမလဲ

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED