Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မြန်မာနိုင်ငံတွင် မဖြစ်မနေဆောင်ရွက်ရမည့်အချက်များ – Tourism Myanmar
Skip to content

မြန်မာနိုင်ငံတွင် မဖြစ်မနေဆောင်ရွက်ရမည့်အချက်များ

မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အရာများကို အောက်ပါအစီအစဉ်များဖြင့် စတင်လိုက်ပါ။၊
စိတ်လှုပ်ရှားစရာကောင်းသော အချိန်များက သင့်ကို အသင့်စောင့်ကြိုလျက်ရှိပါသည်။

ကမ္ဘာ့အကြီးဆုံး စာအုပ်နေရာ

ကုသိုလ်တော်ဘုရား မန္တလေးမြို့ ကမ္ဘာ့အကြီးဆုံး စာအုပ်နေရာသို့ သွားရောက်လည်ပတ်ခြင်း နောက်ခံသမိုင်းကြောင်း ကုသိုလ်တော်ဘုရားဟုအမည်တွင်သောမဟာလောကမာရဇိန်ဘုရားသည် မန္တလေးမြို့ရှိ မန္တလေးတောင်ခြေတွင် တည်ရှိပြီး ...

ရွှေတိဂုံစေတီတော် ဖူးမြှော်ခြင်း

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်ခြင်း နောက်ခံသမိုင်းကြောင်း ရွှေတိဂုံဘုရားသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့်  အထင်ရှားဆုံးဖြစ်သောကြောင့် ရန်ကုန်မြို့သို့ရောက်လျှင် ဦးစွာသွားရောက်ဖူးမြှော်သင့်ပါသည်။ ...

လည်တိုင်ရှည်(ပဒေါင်) အမျိုးသမီးများ

ကယားပြည်နယ် လည်တိုင်ရှည်(ပဒေါင်) အမျိုးသမီးများနှင့် တွေ့ဆုံခြင်း နောက်ခံသမိုင်းကြောင်း ကယားပြည်နယ်သည် တိုင်းရင်းသားလူမျိုးနွယ်ကိုးစုတို့၏ မှီတင်းနေထိုင်ရာ နေရာ ဖြစ်ပြီး ...

မိုးပျံပူပေါင်းစီးခြင်း

မိုးပျံပူပေါင်းစီးခြင်း နောက်ခံသမိုင်းကြောင်း ပုဂံသည် ထူးခြားဆန်းကြယ်သော စေတီပုထိုးများဖြင့် ပြည့်နှက်နေပြီး အံ့သြဖွယ် ကောင်းသောရှုခင်းရှိသည့်အတွက် ကမ္ဘာပေါ်တွင် မီးပုံးပျံစီးရန် ...

ခြေဖြင့်လှော်ခတ်သူများ

လှေများကို ခြေဖြင့်လှော်ခတ်သူများ နောက်ခံသမိုင်းကြောင်း အင်းလေးကန်သည် မြန်မာနိုင်ငံ၏ အလှပဆုံးနေရာများထဲမှတစ်ခုအပါအဝင်ဖြစ်ပြီး အင်းသားများ၏ ခြေဖြင့်ကျွမ်းကျွမ်းကျင်ကျင်လှေလှော်ခတ်မှုနှင့် ထုချွန်ပုံ ပိုက်ကွန်ကိုအသုံးပြုကာ ...

အဏ္ဏဝါစွန့်စားခန်းများ

အဏ္ဏဝါစွန့်စားခန်းများ ဒိုင်ဗင်ထိုးခြင်း ကယက်လှေလှော်ခြင်း ခြေထောက်ဖြင့်လှေလှော်ခြင်း နန့်လှန်ချောင်း ဖောင်စီးခြင်း အပျော်စီးသင်္ဘောခရီးစဉ် ပင်လယ်ရေငုပ်ခြင်း ပင်လယ်ရေငုပ်ခြင်း နေဝင်ဆည်းဆာ ...

ခရီးကြမ်းလမ်းလျှောက်ခြင်း

စွန့်စားခရီးကြမ်းလမ်းလျှောက်ခြင်း ကလော စိတ်ဝင်စားဖွယ်ရာများ မြန်မာနိုင်ငံ၏မြို့ကြီးများဖြစ်သော- ရန်ကုန်မြို့၊ ပုဂံမြို့၊ မန္တလေးမြို့များသို့ သွားရောက် လည်ပတ်ခြင်း မြို့အသီးသီးရှိ ...

အစားအသောက်

အစားအသောက် နှစ်သက်ဖွယ်ကောင်းသော မြန်မာနိုင်ငံ၏ အစားအစာများမြန်မာ့အစားအသောက်များသည်ထူးခြားသော လက္ခဏာရပ်များရှိပါသည်။ အိမ်နီးချင်း နိုင်ငံများ၏ ချက်ပြုတ်နည်းများ လွှမ်းမိုးနေသော်လည်း အစားအသောက်များတွင် ...

ရပ်ရွာအခြေပြုလည်ပတ်ခြင်း

ရပ်ရွာအခြေပြုလည်ပတ်ခြင်း တမူထူးခြားသောလမ်းကြောင်းဖြင့်ခရီးသွားလာခြင်းကိုသဘောကျသော ခရီးသွားများ အနေ ဖြင့် ဒေသယဉ်ကျေးမှုနှင့် ဒေသခံတို့၏ ဘဝနေထိုင်မှုစရိုက်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို  လေ့လာနိုင်ရန် ...

မြန်မာ့ရိုးရာ

မြန်မာ့ရိုးရာ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ယဉ်ကျေးမှုများဖြင့် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ယဉ်ကျေးမှုနဲ့ပတ်သက်သော အတွေ့အကြုံကောင်းများ ...

လေ့လာရေးခရီးစဉ်များ

အင်လေးကန်သို့ နေ့ချင်းပြန်ခရီးစဉ်

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်ပြီး ကြည်လင်နေသော ရေပြင်ကျယ်ကြီး ရှိသည့် အင်လေးကန်၏ အလှတရားကို နေ့ချင်းပြန်ခရီးဖြင့် သွားရောက်ကြည့်ရှု ခံစား နိုင်ပါသည်။ ဘေးပတ်လည်တွင် စိမ်းညှို့မှိုင်းနေသော တောင်တန်းများ ဝန်းရံထားသည့် အင်းလေးကန်၏ ရေပြင်ထဲတွင် လှေစီးပြီး ရေကန်ဘေးရှိ တံငါသည်ရွာများ၏ လူနေမှုဘဝကို တွေ့ကြုံခံစားနိုင်ပါသည်။ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းဆောင်ရွက် သူများသည် အင်းလေးကန်သို့ တစ်နေကုန်နှင့် နေ့တစ်ဝက်ခရီးစဉ်များအဖြစ် စီစဉ် ဆောင်ရွက်ပေးပါသည်။ ပိုမိုကောင်းမွန်သော ခရီးစဉ်ဖြစ်စေရန် အင်းလေးဒေသအတွင်းရှိ အခြားသောဘုရားများသို့ ပို့ဆောင်ပေးသော ခရီးစဉ်ကို ရွေးချယ်ရန် အကြံပြုလိုပါသည်။

နေရာ။ အင်းလေး

ကျိုက်ထီးရိုးဘုရားဖူးခရီးသွားခြင်း

ရွှေရောင်လွှမ်းသော ကျိုက်ထီးရိုးဘုရားသည် မြန်မာနိုင်ငံ၏ ပြယုဂ်တစ်ခု ပင်ဖြစ်သည်။ ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်သည် သင့်အား စိတ်လှုပ်ရှားစရာကောင်းအောင် ဆွဲဆောင်နိုင် ပါသည်။ မြတ်စွာဘုရား၏ ဆံတော်ကိုလည်း ဌာပနာ ထားပြီး နိုင်ငံ၏အလေးမြတ် ထားရာနေရာတစ်ခုပင်ဖြစ်သည်။ တောင်အောက်မှ တောင်ထိပ်သို့ရောက်အောင် တောင်စောင်း တစ်လျှောက် ခြေလျင်တောင်တက်ခြင်းဖြင့် တစ်မူထူးခြားသော ခရီးစဉ်အတွေ့အကြုံကို ရရှိမည်ဖြစ်သည်။ ၁၆ကီလိုမီတာ တောင်တက်ခရီးစဉ်သည် ပင်ပန်းနိုင်သော်လည်း တောင်ထိပ်သို့ ရောက်ရှိသည့်အခါ ရင်သပ်ရှုမောဖွယ်ကောင်းသော မိုးမျှော်ရှုခင်းများကို ခံစားခြင်းဖြင့် အမောဖြေနိုင်ပါသည်။

နေရာ။ မွန်ပြည်နယ်

ဈေးဝယ်ထွက်ခြင်း

ဗိုလ်ချုပ်ဈေးသို့ ဈေးဝယ်ထွက်ခြင်း

ဗိုလ်ချုပ်ဈေးသည် ရန်ကုန်သို့ လာရောက်လည်ပတ်သူတိုင်းအတွက် မဖြစ်မနေ သွားရောက်သင့်သည့် နေရာများထဲမှတစ်ခုဖြစ်ပါသည်။ ဗိုလ်ချုပ်ဈေးသည် မြန်မာနိုင်ငံ၏ အကြီးဆုံးဈေးများအနက် တစ်ခုအပါအဝင်လည်းဖြစ်သည်။ ဈေးအဆောက်အဦးတွင် ကိုလိုနီခေတ်၏ အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ဗိသုကာ လက်ရာများနှင့် ကျောက်စီလမ်းများကို တွေ့မြင်ခံစားနိုင်ပါသည်။ ဈေးရုံ၏ အနီးတစ်ဝိုက်နှင့် ထောင့်များတွင် ရှေးဟောင်းပစ္စည်းများ၊ မြန်မာလက်မှု ပစ္စည်းများ၊ လက်ဝတ်ရတနာဆိုင်များ၊ အဝတ်အစားဆိုင် များကို တွေ့ရှိနိုင်သည်။ ဒေသထွက် ပစ္စည်းများမှစ၍ နိုင်ငံခြားဖြစ်ကုန်ပစ္စည်း များအထိ စုံစုံလင်လင် ရရှိနိုင်သောနေရာ ဖြစ်သောကြောင့် ဈေးဝယ်ခြင်းကို ခုံမင်သူများအတွက် ဆွဲဆောင်မှုရှိသည့်နေရာ တစ်ခုဖြစ်ပါသည်။

နေရာ။ ရန်ကုန်

ခြေလျင်တောင်တက်ခရီး

ခြေလျင်တောင်တက်ခရီး

မြန်မာနိုင်ငံသည် ခြေလျင်ခရီးနှစ်သက်သူများအတွက် ထင်ရှားသော ခရီးစဉ်တစ်ခု ဖြစ်ပြီးလှပသော ရှမ်းတောင်တန်းများ၊ ချင်းပြည်နယ်ရှိ တောင်တန်းများ နှင့် မြောက်ဘက်ရှိ ဟိမဝန္တာတောင်တန်းများသည် အဓိကခြေလျင်တောင်တက်ခရီး လမ်းကြောင်းများဖြစ်သည်။ လမ်းလျှောက်သွားလာခြင်းကို နှစ်သက်သူများ အတွက် အလွယ်တကူသွားလာနိုင်သော ခြေလျင်တောင်တက် ခရီးစဉ်များမှ စွန့်စားခရီးစဉ်များ အထိ ရွေးချယ်စရာ များပြားလှသော ခရီးစဉ်ဒေသ တစ်ခုလည်းဖြစ်ပါသည်။  ရှမ်းတောင်တန်း များရှိရာ သီပေါမြို့ကို  မြန်မာနိုင်ငံ၏ မူလခြေလျင်ခရီးစဉ်အဖြစ် သတ်မှတ်ထားပါသည်။ ထို့ပြင် ကရင်ပြည်နယ်၏ မြို့တော် ဖြစ်သော ဘားအံမြို့ သည်လည်း အံ့ဩဖွယ်ရာ ခြေလျင် တောင်တက်ခရီးလမ်းကြောင်း များစွာရှိသော ခရီးစဉ် တစ်ခုဖြစ်ပါသည်။ တောင်တက်သမား များအနေဖြင့်လည်း  အင်းလေးကန်နှင့် ပူတာအို အထိ သွားရောက်၍ သဘာဝ၏အလှတရား များကို လမ်းလျှောက်ရင်း ခံစားနိုင်ပါသည်။

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED