Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
လည်ပတ်သွားလာခြင်း – Tourism Myanmar
Skip to content

လည်ပတ်သွားလာခြင်း

မြန်မာနိုင်ငံရှိနေရာဒေသအနှံ့အပြားသို့ သွားလာလည်ပတ်ရန်အတွက် သင်သုံးစွဲရန်ခန့်မှန်း ထားသော ကုန်ကျစရိတ်ဘောင်အတွင်း တစ်နေရာမှတစ်နေရာသို့ လွယ်ကူအဆင်ပြေစွာသွားလာရန် ခရီးစဉ်အမျိုးမျိုး ကိုရွေးချယ်၍သွားလာနိုင်မည်ဖြစ်ပါသည်။

လေကြောင်းလိုင်းဖြင့်ခရီးသွားခြင်း

မြန်မာနိုင်ငံသည်ကမ္ဘာ့နေရာအနှံ့အပြားသို့ လေကြောင်းလိုင်းများချိတ်ဆက်ထားရှိပါသည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ပဲခူးမြို့များတွင် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း (၄) လိုင်း ပျံသန်းပြေးဆွဲလျက်ရှိပြီး နိုင်ငံ၏ ပြည်နယ်များနှင့်ကျန်ဒေသအားလုံးနီးပါးသို့ ပြည်တွင်းလေကြောင်း လိုင်းများပျံသန်းပြေးဆွဲလျက်ရှိပါသည်။ ပြည်တွင်းလေကြောင်းလိုင်းများသည် ဈေးနှုန်းအနည်းငယ် မြင့်မားသော်လည်းနိုင်ငံအတွင်းလေကြောင်းလိုင်းဖြင့် ခရီးသွားလာခြင်းသည်အလျှင်မြန်ဆုံးလမ်းကြောင်း ဖြစ်ပေသည်။ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများအနေဖြင့် မြန်မာနိုင်ငံနှင့်သက်ဆိုင်ရာနိုင်ငံ များသို့ အသွားအပြန်ပြေးဆွဲပျံသန်းသကဲ့သို့ ပြည်တွင်းလေကြောင်းလိုင်းများတွင် ရန်ကုန်လေကြောင်း လိုင်း၊မြန်မာအမျိုးသားလေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ ရွှေမြန်မာလေကြောင်းလိုင်း၊ အာရှတောင်ပံများလေကြောင်းလိုင်း၊ ကမ္ဘောဇလေကြောင်းလိုင်း မျာမှာလည်းပျံသန်းပြေးဆွဲလျက် ရှိပါသည်။

ရေကြောင်းဖြင့်ခရီးသွားလာခြင်း

ဧရာဝတီမြစ်အတွင်းရေယာဉ်၊ လှေ၊ သင်္ဘောဖြင့်ခရီးသွားလာခြင်းသည် ခရီးသွားများအတွက် မမေ့နိုင်သော ခရီးစဉ်တစ်ခုအဖြစ် အမှတ်ရနေမည်မှာ အသေအချာပင်ဖြစ်ပါသည်။ ရေကြောင်းဖြင့်ခရီးသွားလာရာတွင် အများပြည်သူ  စီးနင်းလိုက်ပါသောသင်္ဘောများဖြင့်လည်းကောင်း ၊ ဇိမ်ခံသင်္ဘောကြီးများဖြင့်လည်းကောင်း သွားလာလည်ပတ်နိုင်ပါသည်။ ရေကြောင်းဖြင့်ခရီးသွားလာ ခြင်းသည် အခြားနည်းလမ်းများဖြင့် ခရီးသွားခြင်းထက် နှောင့်နှေးသော်လည်း ခရီးစဉ်တစ်လျှောက် ရှိကျေးလက် သဘာဝအလှအပများ နှင့်ပတ်ဝန်းကျင်အလှအပများကိုခံစားကြည့်ရှုရန် အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်ပါသည်။ စစ်တွေမြို့နှင့် မြောက်ဦးမြို့သို့ ရေကြောင်းလမ်းဖြင့် ခရီးသွားလာနိုင်ပြီး မြိတ် ကျွန်းစုဒေသများ တွင်လည်းစက်တပ်ရွက်လှေများဖြင့်ခရီးသွားလာနိုင်ပါသည်။

ကုန်းကြောင်းဖြင့်ခရီးသွားလာခြင်း

ကုန်းလမ်းခရီးသွားလာရာတွင် ဘတ်စ်ကားများဖြင့် ခရီးသွားလာခြင်းသည်နိုင်ငံအနှံ့အပြား သို့ သွား်ရောက်ရန် အရိုးရှင်းဆုံးနည်းလမ်းဖြစ်သကဲ့သို့စရိတ်အသက်သာဆုံးနည်းလည်းဖြစ်ပါသည် ။ စင်းလုံးငှားယာဉ်ဖြင့် သွားရောက်လိုခြင်း မရှိပါကဘတ်စ်ကါးများဖြင့် မိမိလိုရာခရီးစဉ်သို့ သွားရောက် နိုင်ပေသည်။ နိုင်ငံအနှံ့အပြားသို့ သွားရောက်ရန် တရားဝင်ခွင့်ပြုထားသော မော်တော်ယာဉ်လိုင်းအများ အပြားရှိသော်လည်း နိုင်ငံခြားသားခရီးသွားများအတွက် ကျိုင်းတုံမြို့နှင့်ပူတာအိုကဲ့သို့မြို့များသို့ကုန်း ကြောင်း ခရီးသွားလာခြင်းကိုကန့်သတ်ထားသဖြင့် သတိချပ်ရပေမည်။ ထိုဒေသများသို့ လေကြောင်း လိုင်းဖြင့် သွားလာနိုင်ပါသည်။

မီးရထားဖြင့်ခရီးသွားလာခြင်း

မြန်မာနိုင်ငံရှိသဘာဝအလှအပရှု့မျှော်ခင်းများကို ခံစားကြည့်ရှု့နိုင်ရေး မီးရထားစီးကာ ခရီး သွားလည်ပတ်ရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံတွင် ပြေးဆွဲလျက်ရှိသော မီးရထားများတွင် အတန်းအစားအမျိုးမျိုးရှိရာ ဈေးနှုန်းအသက်သာဆုံးဖြစ်သည့် ရိုးရိုးတန်းအတွဲတွင်ရိုးစင်းသောထိုင်ခုံ များဖြင့်လည်းကောင်း ၊ ပထမတန်းအတွဲတွင် ကူရှင်ပါသော သစ်သားထိုင်ခုံများဖြင့်လည်းကောင်း လိုက်ပါစီးနင်းနိုင်ပါသည်။ အထက်တန်းတွဲတွင် ကူရှင်ထူထူပါသော ထိုင်ခုံဖြင့် စီးနင်းလိုက်ပါနိုင်သကဲ့ သို့ရေချိုးခန်းပါဝင်ပြီး လူ ၂ ဦး (သို့မဟုတ်) ၄ဦး အတွက် ကုတင်ပါသော အိပ်စင်များဖြင့်လည်း စီးနင်း လိုက်ပါနိုင်ပါသည် ။ မီးရထားလိုင်းများအနေဖြင့်ရန်ကုန်မှမန္တလေး ၊ မန္တလေးမှ မြစ်ကြီးနားသို့လည်း ပြေးဆွဲလျက်ရှိပါသည် ။ ခရီးသွားများအနေဖြင့် အိပ်ခန်းပါသော အထူးခန်းများတွင် စီးနင်းလိုက်ပါရင်း ရန်ကုန်မြို့မှ ပုဂံမြို့သို့ခရီးသွားလာနိုင်ပါသည်။ အိပ်ခန်းများတွင် အိပ်ရာခင်း၊ မွေ့ယာများ ဖြည့်ဆည်း ပေးထားပြီး  နားနေရန်နေရာ ၊ ရေချိုးခန်းပါဝင်သော အခန်းများတွင် ၄ ယောက် ၁ ခန်းနှုန်း တည်းခို စီးနင်းနိုင်ပါသည် ။ အများသုံး မော်တော် ယာဉ်ဖြင့် ခရီးသွားလာခြင်းထက်ပို၍ သက်တောင့်သက်သာ ရှိသောခရီးစဉ်တစ်ခုကိုမီးရထားအထက်တန်းတွဲ (သို့မဟုတ်) အိပ်စင် ပါသောအတွဲတွင်လိုက်ပါလျက် ခရီးသွားလာနိုင်မည်ဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် နိုင်ငံ၏အံဩဖွယ်ရာ ရှု့ခင်းအလှအပများ ကိုခံစားဖော်ထုတ်လိုပါက အောက်ဖော်ပြပါမီးရထားလမ်းကြောင်း များစီးနင်းရန် အကြံပြုလိုပါသည် ။

  • မန္တလေး မှ သီပေါ
  • မန္ထလေး မှ မြစ်ကြီးနား
  • သာစည် မှ ရွှေညောင် ၊ အင်းလေး
  • ရန်ကုန် မှ ပုဂံ
  • ရန်ကုန် မှ ပဲခူး
  • ပဲခူး မှ တောင်ငူ
  • ပဲခူး မှ မော်လမြိုင်
ရန်ကုန်မြို့ပတ်ရထားလမ်းကြောင်းများ

မြန်မာနိုင်ငံ၏ ကုန်းကြောင်းနယ်စပ်များကို မော်တော်ကား၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးတို့ဖြင့် မည်ကဲ့သို့ ဖြတ်ကျော်ရမည်နည်း

သင်၏ ကိုယ်ပိုင်ယာဉ် (မော်တော်ကား သို့မဟုတ် မော်တော်ဆိုင်ကယ်) ဖြင့် မြန်မာနိုင်ငံသို့ ဖြတ် ကျော်ရန် အထူးခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး ခရီးသွားကုမ္ပဏီတစ်ခုမှ ဧည့်လမ်းညွှန် တစ်ဦး သည် သင်နှင့်အတူ ခရီးစဉ်တွင် အတူတကွ လိုက်ပါရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းသို့ သင်သည် ကိုယ်တိုင် မောင်းနှင်ရန် စီစဉ်ထားပါက ကောင်းမွန်စွာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် သင်၏ ပြင်ဆင်ဆောင်ရွက်မှုများကို အနည်းဆုံး ၁ လ စတင် ကြိုတင်ပြင်ဆင်ရမည် ဖြစ်ပါသည်။

!! စက်ဘီးစီးသူများသည်လည်း အထူးခွင့်ပြုချက်ရရှိရန် လိုအပ်ပါသည်။ သင်၏ ခရီးစဉ်ကို စီစဉ်ဆောင်ရွက်သူသည် သင် နယ်စပ်ဖြတ်ကျော် ခွင့်ပြုချက်များ ရရှိရန် အတွက် အောက်ဖော်ပြပါ သတင်းအချက်အလက်များ လိုအပ်ပါသည်-

  • နယ်စပ်ဖြတ်ကျော်လာသူ အဖွဲ့ဝင်များ၏ အမည်စာရင်းများ
  • မြန်မာနိုင်ငံတွင် တည်းခိုနေထိုင်မည့် ဟိုတယ်၏ တည်နေရာ အသေးစိတ် အချက်အလက်များ
  • ကား/မော်တော်ဆိုင်ကယ်ဆိုင်ရာ စာရွက်စာတမ်းများ
  • အာမခံဆိုင်ရာ စာရွက်စာတမ်းများ
  • သင်သည် ဆက်သွယ်ဆောင်ရွက်ရန် ရေဒီယို၊ ဂြိုလ်တုဖုန်းကို အသုံးပြုမည်ဆိုလျှင် ၎င်းဆက်သွယ်ရေး ကိရိယာများ၏ အသေးစိတ် အချက်အလက်များကို မျှဝေရန် လိုအပ်ပါသည်။


သင်၏ ခရီးစဉ်ကို စီစဉ်ဆောင်ရွက်သူသည် သင့်အား ပို၍ အသေးစိတ်အချက်အလက်များကို မေးမြန်းရမည် ဖြစ်ပါသည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED