Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
အစားအသောက် – Tourism Myanmar
Skip to content

အစားအသောက်

နှစ်သက်ဖွယ်ကောင်းသော မြန်မာနိုင်ငံ၏ အစားအစာများ

မြန်မာ့အစားအသောက်များသည်ထူးခြားသော လက္ခဏာရပ်များရှိပါသည်။ အိမ်နီးချင်း နိုင်ငံများ၏ ချက်ပြုတ်နည်းများ လွှမ်းမိုးနေသော်လည်း အစားအသောက်များတွင် ထူးခြား သော လက္ခဏာရပ်များရှိပါသည်။ မြန်မာအစားအစာများသည် များသောအားဖြင့် အသား၊ ငါး၊ကြက်သွန်နီ၊ ကြက်သွန်ဖြူအနှစ်တို့ကို အခြေခံပြီး ချက်ပြုတ်ကြပါသည်။ ဟင်းချိုအတွက် အရည်ကို လွယ်ကူရိုးရှင်းပြီး အသားနှင့်လိုက်ဖက်မည့် အချဉ် သို့မဟုတ် အချိုအစိမ့်ကို ပြုလုပ်လေ့ရှိကြပါသည်။လက်ဖက်ရွက်ကိုအချဉ်ဖောက်ပြီးပြုလုပ်ထားသော လက်ဖက်နှပ်ကို အဆာပြေအစားအစာအဖြစ် စားသုံးလေ့ရှိကြပါသည်။ ငါးနှင့် ချက်ထားသောဟင်းရည်တွင် ဆန်မှုန့်ကိုအရည်ဖျော်ပြီးပြုလုပ်ထားသောဆန်ခေါက်ဆွဲ (မုန့်ဖက်)နှင့်တွဲဖက်စားသုံးရသော မုန့်ဟင်းခါးမှာ မြန်မာနိုင်ငံ၏ အကျော်ကြားဆုံးသော အစားအစာတစ်မျိုးဖြစ်ပါသည်။ မုန့်ဟင်းခါးကို မနက်စာအနေဖြင့် စားသုံးလေ့ရှိပါသည်။ အခြားနာမည်ကြီးပြီး အရသာရှိသော အစားအစာတစ်မျိုးမှာအုန်းနို့ခေါက်ဆွဲဖြစ်ပါသည်။အုန်းနို့ကိုအခြေခံပြီး ကြက်သားနှင့်ချက် ထား သော ခေါက်ဆွဲနှင့် တွဲဖက်စားသုံးရသော အစားအစာဖြစ်ပါသည်။

လက်ဖက်ရည်မှာ မြန်မာနိုင်ငံ၏ အဓိကသောက်စရာ ဖြစ်ပါသည်။ လက်ဖက်ရည်ဆိုင် ကောင်းကောင်းမှာထိုင်ပြီး လက်ဖက်ရည်သောက်ခြင်းသည် နေ့တစ်နေ့ကို စတင်ရန် ခွန်အား များရရှိလာရုံသာမက မိတ်ဆွေအချင်းချင်းပေါင်းသင်းဆက်ဆံရေးတွင်လည်း ကောင်းမွန် လာ နိုင်ပါသည်။ လက်ဖက်ရည်ပူပူလေးကို နွားနို့ပျစ်ပျစ်လေး ပေါင်းထည့်ပြီး သောက်ခြင်းက အရသာပိုမိုကောင်းမွန်လာစေပါသည်။ ထင်ရှားသော မြန်မာ့အချိုပွဲများ သည် ရိုးရှင်းပြီး အုန်းသီး၊ ပီလောပီနံ၊ ဆန့်မှုန်နှင့် အသီးများပါဝင်ပါသည်။ ပီလောပီနံ၊ ရေခဲစိမ်အုန်းနို့နှင့် ကောက်ညှင်းမှုန့်ကိုအရည်ဖျော်ပြီး သကြားအစာသွပ်ပြီး အပေါ်တွင် အုန်းသီးခြစ်ဖြူးထား သည့် မုန့်လုံးရေပေါ်တို့သည့်လူကြိုက်များသောအစားအစာများ ဖြစ်ကြပါ သည်။

အစားအစာများကို နေရာအစုံယေဘူယျတွေ့နိုင်ပြီး အခြေခံအကျဆုံးအတွေ့အကြုံဖြစ်သည်။

အစားအစာသည်လူမျိုးတစ်မျိုး၏ယဉ်ကျေးမှုကိုဖော်ညွှန်းပြီးယင်းယဉ်ကျေးမှုကိုခံစားရန်လိုအပ် သည်။

အစားအစာသည် စားသုံးရန်အတွက် တစ်ခုသာမဟုတ်ဘဲ ယဉ်ကျေးမှု၊ အလေ့အထတို့နှင့် တစ်သားတည်း ရှိနေခြင်းမျိုးကိုဆိုလိုပါသည်။

မုန့်လုံးရေပေါ်

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်တွင်စားသုံးနိုင်ပြီး ရေပေါ်တွင် ပေါလောပေါ်နေ သောကြောင့်မုန့်လုံးရေပေါ်ဟုခေါ်တွင်ပါသည်။ ထန်းညက်နှင့် အုန်းသီးခြစ်တို့အား ဌာပနာထားသော မုန့်လုံးဖြစ်ပြီး ပွဲတော်များတွင် တည်ခင်းဧည့်ခံလေ့ရှိသော်လည်း ထမင်းစားပြီးစားသုံးနိုင်သော သရေစာလည်းဖြစ်ပါသည်။

ကောက်ညှင်း

ကောက်ညှင်းသည် မွှေးကြိုင်ချိုမြိန်သော မြန်မာရိုးရာအစားအစာတစ်ခုဖြစ်ပါသည်။ ထမနဲသည် ကောက်ညှင်းကိုအခြေခံထားသော မွှေးကြိုင်ပြီးချိုမြိန်သောအရသာရှိ၍ ပွဲတော်များတွင် တည်ခင်းလေ့ ရှိပါသည်။အဖြူရောင်ဆန်နှင့် ငချိတ်ဆန် နှစ်မျိုးလုံး သုံး၍လည်း ပြုလုပ်နိုင်သည်။ ရန်ကုန်နှင့် မန္တလေးမြို့များ၌ နှစ်စဉ် ထမနဲထိုးပွဲများကျင်းပလေ့ရှိသည်။

ထန်းလျက်

မြန်မာနိုင်ငံတွင် ထန်းပင်များစွာရှိသောကြောင့် ထန်းလျက်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် ရရှိနိုင်ပါသည်။ မြန်မာနိုင်ငံ စားသောက်ဆိုင်များတွင် အစာစားပြီးနောက် အချိုပွဲအဖြစ် သုံးဆောင်နိုင်ပါသည်။မြန်မာနိုင်ငံသို့လာရောက်လည်ပတ်စဉ်တွင် ထန်းလျက်ပြုလုပ်ပုံတို့ကို လေ့လာ ရန်နှင့် ထန်းလျက်အမျိုးမျိုး၏အရသာတို့ကို မြည်းစမ်း ရန်လည်း မမေ့သင့်ပါ။ certain villages in the morning.

ထန်းရည်

မြန်မာနိုင်ငံမြောက်ပိုင်းသို့ လာရောက်လည်ပတ်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ် သည့် ထန်းရည်ကို မြည်းစမ်းရန် အကြံပြုလိုပါသည်။ ထန်းရည်စုဆောင်းသည့် အိုးကြီး၊ အိုးသေးများ အားထန်းပင်တွင်တွဲလောင်းချိတ်ထားသည်ကိုမြင်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ကျန်ရှိသည့်ဒေသများ တွင်လည်း ထန်းရည် ရရှိနိုင်သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ လည်ပတ်မည် ဆိုပါက ထန်းရည်ပြုလုပ်ပုံ တို့ကိုပါ လေ့လာနိုင်ပါသည်။

မြန်မာဘီယာ

မြန်မာနိုင်ငံ၏ ဘီယာချက်စက်ရုံတွင် ချက်လုပ်ထားသော နှစ်သက်ဖွယ်ရာ မြန်မာဘီယာ အား မြည်းစမ်းကြည့်သင့်ပါသည်။ အင်္ဂလိပ်လက်ထက် (၁၈၈၆) ခုနှစ်တွင်  ဘီယာချက် စက်ရုံကို တည်ထောင်ခဲ့ပြီး  (၁၉၅၄) ခုနှစ်တွင် နိုင်ငံပိုင်ပြုလုပ်ခဲ့ပြီး လက်ရှိတွင် Myanmar Brewery Ltd ဟုအမည်တွင်ခဲ့ပါသည်။ (၂၀၁၇) ခုနှစ်မှစ၍ Burbritအမည်ဖြင့် မြန်မာနိုင်ငံ၏ပထမဆုံးဘီယာကို ထုတ်လုပ်ခဲ့သည်။မြန်မာနိုင်ငံတွင်ရှိနေစဉ်အတွင်း မြန်မာဘီယာနှင့် Burbrit ကို မြည်းစမ်းကြည့်စေ လိုကြောင်းအကြံပေးလိုပါသည်။

ဒေသအလိုက်ရှိရမည့် အစားအစာများ

ခရီးသွားများအတွက်လက်ရာမြောက်သောရိုးရာစားသောက်ဖွယ်ရာများ  စားသောက်ခြင်း ဖြင့်အကောင်းဆုံးအတွေ့အကြုံများကိုကိုယ်စားပြုသည့်အစား‌အသောက်မြည်းစမ်းခြင်းအလေ့အထကိုမြန်မာနိုင်ငံ၏မြို့တိုင်း၊ဒေသတိုင်းတွင်တွေ့မြင်နိုင်ပါသည်။ဒေသအလိုက်ရိုးရာယဉ်ကျေးမှုများရှိပါသည်။ စားသောက်ဖွယ်ရာအသီးသီးသည် ဒေသ၏ ရိုးရာယဉ်ကျေးမှုကိုသာမက ယင်းဒေသ၏ သမိုင်းကိုပါ ထင်ဟပ်စေပါသည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED