Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရွှေတိဂုံစေတီတော် ဖူးမြှော်ခြင်း – Tourism Myanmar
Skip to content

ရန်ကုန်မြို့

ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြှော်ခြင်း

နောက်ခံသမိုင်းကြောင်း

ရွှေတိဂုံဘုရားသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့်  အထင်ရှားဆုံးဖြစ်သောကြောင့် ရန်ကုန်မြို့သို့ရောက်လျှင် ဦးစွာသွားရောက်ဖူးမြှော်သင့်ပါသည်။ ရွှေတိဂုံဘုရား၌ ဂေါတမ မြတ်စွာဘုရား၏ ဆံတော်မြတ်အား ဌာပနာထားပါသည်။ မြန်မာလူမျိုးတို့၏ အထွတ်အမြတ် ထားကိုးကွယ်သည့် ဘုရားတစ်ဆူဖြစ်သောကြောင့် ရွှေတိဂုံစေတီတော်သို့ မရောက်ခဲ့လျှင် ရန်ကုန်ခရီးစဉ်သည် မပြည့်စုံနိုင်ပါ။ စိန်ဖူးတော်နှင့် ရွှေပြားသင်္ကန်းများသည် နေရောင်အောက်တွင် တောက်ပကာ ရင်သပ်ရှုမောဖွယ်တွေ့မြင်ရမည်ဖြစ်ပါသည်။ စေတီတော် မြတ်ကြီးသည် ဉာဏ်တော် ၃၂၆ ပေမြင့်ပြီး စေတီတော်အတွင်း ဌာပနာထားသော ဗုဒ္ဓ၏ ဆံတော်မြတ်နှင့် ဓာတ်တော်မွေတော်များကို နှစ်ပေါင်း ၂၅၀၀ ကြာ သားစဉ်မြေးဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြပါသည်။ ရွှေတိဂုံစေတီတော်သည် ကန်တော်ကြီးအနောက်ဖက်၊ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီတော်ပတ်လည်၌ ရှေးခေတ် ဗိသုကာပုံစံ အရောင်အသွေးစုံလင်သော စေတီများ၊ ရုပ်ပွားတော်များ၊ ဘာသာရေးရုပ်ထုများတည်ထားပါသည်။ ဤဘုရားသို့ လာရောက်ဖူးမျှော်ခြင်းဖြင့် ဗုဒ္ဓဘာသာ၏ အရေးပါမှုကို သိရှိနားလည်စေပါသည်။ အလှူပွဲများ၊ တရားထိုင်ခြင်းကဲ့သို့ ဘာသာရေး လှုပ်ရှားမှုများတွင်လည်း ဘုရားဖူးလာသော ဧည့်သည်များ ပါဝင်ကုသိုလ်ယူနိုင်သည်။ မြန်မာ့ ဓလေ့အရ ဘုရားသို့မဝင်မီ ဖိနပ်ချွတ်ရမည်ဖြစ်ပြီး ဝင်ကြေးသည် မြန်မာငွေကျပ် ၈၀၀၀ ဖြစ်ပါသည်။


ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရား၏ ဂုဏ်တော်များကို ရည်စူး၍ ဆွမ်း၊ ဆီမီး၊ ရေချမ်းတို့ဖြင့် ကပ်လှူပူဇော်၍ ကောင်းမှုကုသိုလ်ပြုလုပ်ကြပါသည်။ မြန်မာလူမျိုးတို့သည် ဘုရားရှိခိုးပူဇော်ခြင်း၊ တရားအားထုတ်ခြင်းတို့ဖြင့် စိတ်ကို တည်ငြိမ်အေးချမ်းစေသည်ဟု ယုံကြည် ကြပါသည်။ မိမိတို့ ပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်များကို အလုံးစုံသောသတ္တဝါများ အားလုံးကို မေတ္တာပို့အမျှအတန်း ပေးဝေကြပါသည်။

Popular in Yangon Region

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED