Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရန်ကုန်တွင် ဈေးဝယ်ထွက်ခြင်း – Tourism Myanmar
Skip to content

ရန်ကုန်တွင်

ဈေးဝယ်ထွက်ခြင်း

စိတ်ဝင်စားဖွယ်ရာများ

  • သမိုင်းဝင်ဈေးသို့ သွားရောက်လည်ပတ်ခြင်း
  • ရိုးရာပစ္စည်းနှင့် ခေတ်သစ်ပစ္စည်းများကို ညီညီမျှမျှဝယ်ယူခြင်း
  • ရန်ကုန်မြို့တွင်လှည့်လည်ကြည့်ရှုခြင်း

ပထမနေ့ – ရန်ကုန်သို့ ရောက်ရှိခြင်း

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ကမ္ဘာ့နိုင်ငံများ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများနှင့်ချိတ်ဆက်ထားပါသည်။ ရန်ကုန်သို့ရောက်ပါကဟိုတယ်တွင် အပန်းဖြေအနားယူပြီးလျှင် ကန်တော်ကြီးအပန်းဖြေဥယျာဉ်တွင် ညနေခင်းအချိန်ကိုကုန်ဆုံးပါမည်။ အပန်းဖြေဥယျာဉ်အတွင်း ရိုးရာအစားအစာ များနှင့် အနောက်တိုင်းအစားစာများ ရောင်းချသည့် စားသောက်ဆိုင်များအပါအဝင် စိတ်ဝင်စားဖွယ်ရာများစွာရှိပါသည်။

ဒုတိယနေ့ – ဈေဝယ်ထွက်ခြင်း

နံနက်စာစားပြီးလျှင် ၁၉၂၆ခုနှစ်၊ ကိုလိုနီခေတ်တွင် တည်ဆောက်ခဲ့သော ဗိုလ်ချုပ်ဈေးသို့ သွားရောက်လည်ပတ်ပါမည်။ “ဗိုလ်ချုပ်အောင်ဆန်းဈေး” ဟုအမည်မတိုင်မီတွင် စကော့ဈေးဟု ခေါ်တွင်ခဲ့ပါသည်။ လက်မှုပစ္စည်းများ၊ ယွန်းထည်များ၊ တိပ်ခွေများ၊ ပန်းပုပစ္စည်းများ၊ ငွေထည် ပစ္စည်းများ၊ ကြေးထည်ပစ္စည်းများ၊ ပိုးထည်နှင့်ချည်ထည်များ ရောင်းချလျက်ရှိသော ဆိုင်ခန်းပေါင်း (၁၆၀၀) ခန့်ရှိပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ဝယ်ယူနိုင် ပါသည်။ ဝယ်ယူရန်အစီအစဉ်မရှိ လျှင်ပင်ဈေးတန်းတစ်လျှောက်လမ်းလျှောက်ရသည့်ခံစားချက်ကို အစဉ်အမှတ်ရနေမည်ဖြစ်ပါသည်။ ဈေးတန်းတွင် အရသာရှိသော အစားအသောက်အမျိုးမျိုးကို လည်း စားသုံးနိုင်ပါသေးသည်။

တတိယနေ့- ဈေးဝယ်ထွက်ခြင်း

ခရီးစဉ်၏တတိယနေ့တွင် ဈေးဝယ်ထွက်ဖို့အဆင်သင့်ဖြစ်ပါက ရန်ကုန်မြို့သူမြို့သားများ အကြားထင်ရှားသည့် ဈေးဝယ်ရာနေရာဖြစ်သော ဗညားဒလလမ်းရှိ ယုဇနပလာဇာသို့ သွားရောက် မည်ဖြစ်ပါသည်။ ထိုနေရာ၌ကုန်ပစ္စည်းမျိုးစုံ လက်လီလက်ကားဝယ်ယူရရှိနိုင်ပြီး မြေညီထပ်တွင် လည်း ဒေသထွက်ကုန်ပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဈေးဝယ်စင်တာတစ်ခုဖြစ်ပါ သည်။ အိမ်မွေးတိရိစ္ဆာန်ဆိုင်များရှိသောကြောင့် တိရိစ္ဆာန်ချစ်တတ်သော သူများအနေဖြင့်  ပလာဇာ သို့လာရောက်ကြည့်ရှုသင့်ပါသည်။ နေ့လည်စာ စားပြီးချိန်တွင် Time Square ၊ City Mall  စသည့် ရန်ကုန်မြို့ရှိ အခြားသော ဈေးဝယ်စင်တာများသို့သွားရောက်မည်ဖြစ်ပါသည်။ ထို့နောက်ညနေပိုင်းတွင်လည်း တရုတ်တန်းသို့ သွား၍ အရသာရှိသော တရုတ်အစားအစာများကို မြည်းစမ်းလေ့လာပြီး တစ်နေ့တာကိုကုန်ဆုံး ပါမည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED