Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မိုးပျံပူပေါင်းစီးခြင်း – Tourism Myanmar
Skip to content

မိုးပျံပူပေါင်းစီးခြင်း

နောက်ခံသမိုင်းကြောင်း

ပုဂံသည် ထူးခြားဆန်းကြယ်သော စေတီပုထိုးများဖြင့် ပြည့်နှက်နေပြီး အံ့သြဖွယ် ကောင်းသောရှုခင်းရှိသည့်အတွက် ကမ္ဘာပေါ်တွင် မီးပုံးပျံစီးရန် အကောင်းဆုံးနေရာများထဲမှ တစ်ခုဖြစ်ပါသည်။ ပုဂံရှိမီးပုံးပျံများသည် မြန်မာနိုင်ငံ၏ အထင်ကရသင်္ကေတတစ်ခု ဖြစ်လာခဲ့ပြီး ခရီးသွားအများအပြားကို တစ်သက်တာမမေ့နိုင်သော စွန့်စားခန်းများဆီသို့ ခေါ်ဆောင်ပေးပါလိမ့် မည်။ ပုဂံတွင်မိုးပျံပူဖောင်းစီးခရီးစဉ်များကို အောက်တိုဘာလဆန်းမှဧပြီလလယ်အထိ ဆောင်ရွက် လေ့ရှိပါသည်။ နံနက်ခင်းပိုင်းတွင် ပိုမိုအေးမြသည့်အပူချိန်ကြောင့် မိုးပျံပူဖောင်းများသည် ရှေးဟောင်းစေတီပုထိုးများနှင့် ပိုမိုနီးကပ်စွာပျံဝဲနိုင်၍  နေထွက်ချိန်သည် မိုးပျံပူဖောင်းစီးရန် အကောင်းဆုံးဖြစ်ပါသည်။ နေရောင်ခြည်၏ ရှေ့ပြေးရွှေရောင်အလင်းတန်းများ ဖြာကျလာသည့် အခါတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် စိတ်ကူးယဉ်လောကဘုံဗိမာန်အလား ပြောင်းလဲသွား ပါသည်။ ပုဂံ၌ရှေးဟောင်းဘုရားကျောင်းများအားလုံး၏ ရင်သပ်ရှုမောဖွယ် မြင်ကွင်းကို မိုးပျံပူဖောင်းဖြင့် ပျော်ရွှင်စွာပျံသန်းကြည့်ရှုနိုင်ပါသည်။ ကြီးကျယ်ခမ်းနားသော ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် အံ့သြဖွယ်ကောင်းသော ပထဝီဝင်အနေအထားတို့ ပေါင်းစပ်ထားသော မြင်ကွင်းကြောင့် တောင်ထိပ်များ၊ ဧရာမသစ်ပင်များ၊ စိုက်ပျိုးရေး ကွင်းများနှင့် မြစ်များပေါ်တွင် ညင်သာစွာပျံဝဲရင်း ကြည့်ရှုရသည်မှာ‌ အံ့ဩဖွယ်ကောင်းလှပါသည်။

Popular in Bagan

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED