Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မြန်မာနိုင်ငံအကြောင်း – Tourism Myanmar
Skip to content

မြန်မာနိုင်ငံအကြောင်း

အသုံးဝင်သောသတင်းအချက်အလက်များ

မြန်မာနိုင်ငံသည် ပကတိမပျက်မစီး သဘာဝအတိုင်း တည်ရှိနေသော အံ့ဩဖွယ်အလှတရား များနှင့် ယဉ်ကျေးမှုဆိုင်ရာ အံ့ဩဖွယ်ရာများတည်ရှိရာ နိုင်ငံဖြစ်ပြီး အာရှသို့လာရောက်လည်ပတ်မည့် ခရီးသွားများအတွက် ကောင်းမွန်စစ်မှန်သော အတွေ့အကြုံများအား ပေးစွမ်းနေသည့် နိုင်ငံဖြစ်ပါသည်။ မြောက်ဘက်ရှိ ရေခဲများဖုံးလွှမ်းနေသော ဟိမဝန္တာတောင်တန်းများမှ တောင်ဘက်ရှိ မပျက်မစီး သဘာဝအတိုင်းတည်ရှိနေသည့် ပြာလဲ့သောပင်လယ်ပြင်ထိ သဘာဝအလှတရားများ ပေါများပြည့်လျှံ နေသော ကောင်းချီးပေးခံရသည့် နိုင်ငံတစ်ခုဖြစ်ပေသည်။

          သဘာဝအလှတရားဆွဲဆောင်မှုများတွင် ရေကန်များ၊ လှိုဏ်ဂူများ၊ မြစ်များ၊ ကမ်းခြေများ၊ ကျွန်းစုများနှင့် တောင်တန်းများ ပါဝင်ပါသည်။ သမိုင်းအမွေအနှစ်နှင့် ယဉ်ကျေးမှု အနုပညာများကို နှစ်ခြိုက်သူများအနေဖြင့် စေတီပုထိုးများ၊ ရာသီပွဲတော်များ၊ လူမျိုးစု(၁၃၅)မျိုး၊ မြိန်ယှက်ဖွယ် အရသာ ကောင်းမွန်သည့် ဟင်းလျာများအား ဖွေရှာမြည်းစမ်းနိုင်ပါသည်။

ရင်သပ်ရှုမောဖွယ် ကမ်းခြေများ

တစ်နေရာထဲတွင် ဖြူဖွေးလှပသော သဲသောင်ကမ်းခြေများ၊ ကြည်လင်လှပသည့်ရေများ၊ အရောင်မျိုးစုံရှိသည့် သန္တာကျောက်တန်းများတည်ရှိပြီး၊ ရေနှင့်ဆက်စပ်သော လှုပ်ရှားမှုများအား ဆောင်ရွက်နိုင်မည့် နေရာကို စိတ်ကူးကြည့်ပါက ငပလီကမ်းခြေသည် သဲသောင်ဖြူဖြူ၊ အုန်းပင်တန်း များ၊ ပြာလဲ့ကြည်လင်သန့်စင်သောရေများ ပေါင်းစည်းထားရာကမ်းခြေဖြစ်ပြီး၊ မိနစ်ပိုင်းအတွင်း ပျော်ရွှင် အေးချမ်းရာ နေရာတစ်ခုအဖြစ် ပုံဖော်ပေးပါလိမ့်မည်။ ငပလီကမ်းခြေတွင် နေဝင်ချိန် သဘာဝအလှ တရားများကို ကြည့်ရှုရန်လက်မလွှတ်သင့်ပေ။ နေဝင်ချိန် အလှအပအား နောက်ခံထားလျက် အရသာ ချိုမြိန်ကောင်းမွန်သည့် အစားအစာများကို သုံးဆောင်ရန်နှင့် အနီးအနားရှိ တံငါရွာသို့သွားရောက် လည်ပတ်ရန် အကြံပြုလိုပါသည်။

               မြိတ်ကျွန်းစုဒေသတွင် ကယပ်လှေလှော်ခြင်း၊ ရေငုပ်ခြင်း၊ ရေအောက်အလှအပများ ရှာဖွေ လေ့လာခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး၊ မြိတ်ကျွန်းစုသည် ကျွန်းအများအပြား တစ်စုတည်းတည်ရှိခြင်း၊ လှပသောကမ်းခြေများနှင့် စွဲမက်နှစ်သက်ဖွယ်ကောင်းသော ပင်လယ်ပြင်ဘ၀ များအတွက် ထင်ရှားပေါ် လွင်သောနေရာဖြစ်ပါသည်။ ထို့ပြင်ကမ်းခြေရှိ ဂဏန်းငယ်များကို စားသောက်သည့် မျောက်များလည်း ရှိရာ မြင်တွေ့ရခဲသော နေရာတစ်ခုဖြစ်ပေသည်။

               ငွေဆောင်ကမ်းခြေသည် စိတ်ဖိစီးမှုများကို လျှော့ချရန် အချိန်ပေး၍ အနားများများယူရန် လိုအပ်သော တစ်ကိုယ်တော်ခရီးသွားများအတွက် ငြိမ်းချမ်းလှပြီး လုံခြုံဘေးကင်းရာ ကမ်းခြေတစ်ခု ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်လည်း မဝေးသောနေရာဖြစ်သဖြင့် နေ့တစ်ဝက်သွားရောက်နိုင်ပြီး ဇာတိမြို့ သို့မပြန်မီ ကမ်းခြေတွင် တစ်ရက်တာကုန်ဆုံးစေနိုင်ပါသည်။ ကမ်းခြေတွင် ဘီယာသောက်သုံးမှုကို နှစ်ခြိုက်ပါက ထားဝယ်မြို့သို့ သွားရောက်လည်ပတ်စေချင်ပါသည်။ ၎င်းမြို့သည် တည်ငြိမ်အေးချမ်း လှပမှုအတွက် လူသိများပြီး ကမ်းခြေရှိဘီယာဆိုင်များတွင် အရသာထူးကဲကောင်းမွန် သည့်ပင်လယ်စာ များနှင့်အတူ ဘီယာ တစ်ကျိုက်၊ နှစ်ကျိုက် သောက်သုံးနိုင်ပါသည်။

စိမ်းလန်းစိုပြေသော သဘာဝအလှတရားများ

သဘာဝအလှအပများအား နှစ်သက်သူ ခရီးသွားတစ်ဦးအတွက် မြန်မာနိုင်ငံသည် များပြား လှသောသဘာဝတရားများ ၎င်းတို့နှင့်ဆက်စပ်သော လှုပ်ရှားမှုများအား ဖြည့်စွမ်းပေးနိုင်ပြီး ကျေးလက် တောရွာရှိ စိမ်းစိုသော သဘာဝအလှတရားများအတွက်ပါ ခံစားသိရှိပြီး အသိအမှတ်ပြုစေပါလိမ့်မည်။ ဗစ်တိုးရီးယားတောင်ပေါ်သို့ တက်ရောက်ပြီး အေးမြလတ်ဆက်သောလေကိုခံစားရရှိနိုင်ပြီး တောတောင် တဝိုက် သဘာဝအလှအပများကို ထိန်းသိမ်းစောင့်ရှောက်ရန် အစိုးရ၏အားထုတ်ကြိုးပမ်းမှု များကြောင့် တောင်ပတ်လမ်းများမှာ လှပသာယာလျှက် တည်ဆောက်မှု လုပ်ငန်းများနှင့် ရေထု၊ လေထု၊ မြေထု ညစ်နွမ်းမှုများကြောင့် ပျက်စီးမှုမရှိသေးသည့် နေရာဒေသအဖြစ် မျှော်လင့်နိုင်ပါသည်။ ချင်းပြည်နယ်၏ ကျယ်ပြန့်သာယာသော မြင်ကွင်းများ ၊ ဗစ်တိုးရီးယားတောင်နှင့် ဗစ်တိုးရီးယားတောင်ပတ်လမ်းများရှိ သဘာဝအလှအပများက ခရီးသွားများအား ညှို့ယူဖမ်းစားစေပါသည်။ အေးစိမ့်သော လေများကြားတွင် ချင်းပြည်နယ်ရှိ မြို့နယ်များအား ထူထဲသောမြူများ ဝိုင်းရံလျက်မြင်တွေ့ရသည်မှာ ကြည်နူးအံ့ဩဖွယ် ရာခံစားမှုကို ဖြစ်ပေါ်စေပါမည်။

          အင်းလေးကန်တွင် လှေစီးရင်း ခြေတစ်ဖက်တည်း လှေလှော်နေသော လှေထိုးသားများအား တွေ့မြင်နိုင်ပြီး၊ ၎င်းတို့ကို ရှမ်းပြည်နယ်တစ်ခုတည်းတွင်သာ မြင်တွေ့နိုင်ပါမည်။ တစ်ချိန်တည်းမှာပင် ထိုဒေသ၌သာတွေ့မြင်နိုင်သည့် ရှားပါးသော မျိုးစိတ်တစ်ချို့နှင့်တခြားတိုင်းပြည်မှ ဝင်ရောက်လာသော ငှက်များကို စောင့်ကြည့်ငေးမောနိုင်ပါသည်။ တံငါသည်များ၏ သဘာဝနှင့် နီးစပ်စွာနေထိုင်မှုပုံစံများ နှင့် ကျေးရွာဓလေ့အတွေ့အကြုံများရရှိကာ ၎င်းတို့၏ ငါးဖမ်းမှုပုံစံများကို လေ့လာနိုင်ပါသည်။ တခြား ထင်ရှားသော နေရာတစ်ခုမှာ ဖိုးကျားဆင်စခန်းဖြစ်ပြီး ဧရာဝတီလင်းပိုင်ငါးများကြည့်ရှုခြင်း၊ ရှမ်း ပြည် နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်များတွင် တောရိုင်းတိရိစာ္ဆန်(သားရဲတိရိစာ္ဆန်)တို့၏ ရှင်သန်နေထိုင် ပုံတို့ကို လေ့လာနိုင်မည်ဖြစ်ပါသည်။

နောက်ခံသမိုင်းကြောင်းများ

မြန်မာနိုင်ငံ၏ မြို့ပြယဉ်ကျေးမှုအကြောင်း နှံ့စပ်စွာသိရှိလိုပါက ရှေးဟောင်းပျူမြို့များသို့ မဖြစ်မနေ သွားရောက်လည်ပတ်ရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ရှေးဟောင်း ပျူမြို့(၃)မြို့မှာ ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့များဖြစ်ပါသည်။ ရှေးယခင်မြို့ပြယဉ်ကျေးမှုကို ကိုယ်စားပြုသည့် အဆိုပါ ရှေးဟောင်းမြို့များကို လေ့လာသိရှိရန် ၎င်းတို့၏ သမိုင်းကြောင်းကို လေ့လာခွင့်ရရှိနိုင်ပါသည်။ ရှေးဟောင်းမြို့များတွင် နန်းတော်၏ခံတပ်များ၊ ဘာသာရေးဆိုင်ရာပရဝုဏ်များ၊ ဘာသာတစ်ခုဖြစ်ပေါ်လာမှုနှင့် ကျစ်လစ်ကောင်းမွန်သောအဖွဲ့အစည်းကို ရှာဖွေတွေ့ရှိရာ၌ သိုလှောင်ထားရှိမှုနှင့် အသုံး အဆောင်များကို အရိပ်အမြွက်တွေ့ရှိရပါသည်။ တစ်ချို့သောအဆောက်အဦများမှာ ရာသီဥတုနှင့် ငလျင် ဒဏ်ပြင်းထန်မှုကိုရင်ဆိုင်နိုင်ရန် ပကတိအတိုင်းဖြစ်ပေါ်နေပြီး သိုလှောင်ခန်းကြီးများ၊ ရှေးဟောင်း အသုံးအဆောင်များ၊ စုဝေးခန်းများက သမိုင်းဦးမြို့ပြ ယဉ်ကျေးမှုမတိုင်မီ ရှင်သန်နေထိုင်မှုပုံစံများအား သက်သေခံလျက်ရှိပါသည်။

               ခေတ်သစ်မြန်မာနိုင်ငံ တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း လေ့လာလိုလျှင် ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ သွားရောက်လည်ပတ်နိုင်ပြီး၊ တိုတောင်းစွာဖြတ်သန်းခဲ့ ရသော ဗိုလ်ချုပ်အောင်ဆန်း၏ဘဝကို ခဏတာလေ့လာခွင့်ရရှိမည်ဖြစ်ပါသည်။

          မိမိနိုင်ငံ၌ပင် လုပ်ကြံခံခဲ့ရသည့် ဗိုလ်ချုပ်၏ ပိုင်ဆိုင်မှုများနှင့် ၎င်း၏ဇနီးထံရေးသားထား သောစာများ၊ ငယ်ဘဝဓါတ်ပုံများအပါအဝင် ဓါတ်ပုံမှတ်တမ်းများအား ပြတိုက်အဖြစ်ထည့်သွင်းပြသ ထားပါသည်။ ပြတိုက်၏ဆွဲဆောင်မှုအဖြစ် ဗိုလ်ချုပ်စီးနင်းခဲ့သောကားမှာတစ်ခုအပါအဝင်ဖြစ် ပေသည်။

စေတီပုထိုးများတည်ရှိရာနိုင်ငံ

ခရီးသွားအစီအစဉ်တစ်ခုတွင် စေတီပုထိုးများသို့ သွားရောက်လည်ပတ်နိုင်မှု အစီအစဉ် မပါ ဝင်ခဲ့လျှင် လေ့လာစရာအများအပြားနှင့် လွှဲချော်သွားပါလိမ့်မည်။ မြန်မာနိုင်ငံရှိ ဘုရားစေတီများတွင် ဝတ်ပြုသူများနှင့်ဗုဒ္ဓဘာသာဘုရားဖူးများအတွက် ကြီးမားသောဘာသာရေးဆိုင်ရာထင်ပေါ် ကျော်ကြား မှုများ ရှိပါသည်။ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံတွင် အဓိကကိုးကွယ်ယုံကြည်သော ဘာသာဖြစ်ပြီး၊ ထောင်ပေါင်းများစွာသော ကိုးကွယ်ယုံကြည်သူများက အရောင်အသွေးစုံအဝတ်အထည်များ ဝတ်ဆင် လျက် အမျိုးမျိုးသော ရိုးရာဓလေ့များဖြင့် နိုင်ငံအတွင်းလစဉ်လတိုင်းလိုလို ဘုရားပွဲတော်များ ကျင်းပပြု လုပ်လေ့ရှိကြပါသည်။ ဘုရားစေတီတစ်ဆူလျှင် အံ့ဩဖွယ်ရာတမူထူးခြားသည့် ဗိသုကာလက်ရာများ တွေ့မြင်နိုင်ပါသည်။ ကမ္ဘာပေါ်တွင်ရှေးအကျဆုံး ဘုရားများအနက်တစ်ဆူဖြစ်သည့်ရွှေတိဂုံစေတီတော် ထီးတော်တွင် သရဖူကဲ့သို့ စိန်များ၊ ပတ္တမြားများနှင့် အဖိုးတန်ကျောက်မျက်ရတနာများဖြင့် ရွှေပြားများ ကပ်လှူထားမှုကြောင့် ရွှေတိဂုံစေတီတော်ကို ဗမာ့သရဖူဟုခေါ်ဆိုကြပါသည်။

          သွားရောက်ဖူးမြှော်ရန် စိတ်ဝင်စားစရာ အခြားစေတီတစ်ဆူမှာ ကျိုက်ထီးရိုးစေတီဖြစ်ပါ သည်။ ကျိုက်ထီးရိုးစေတီသည် ရသေ့ဦးခေါင်းသဖွယ် ကျောက်တုံးပုံသဏ္ဍန်ရှိပြီး ဘာသာရေးဆိုင်ရာ ထင်ပေါ်ကျော်ကြားမှုများကြောင့် ကျေးလက်ဒေသမှ ဘုရားဖူးအများအပြား လာရောက်ဖူးမြှော် ကြပါသည်။ ဒဏ္ဍာရီဆန်ဆန် ရိုးရာပုံပြင်များအရ မြတ်စွာဘုရား၏ ဆံတော်တန်ခိုးတော်သည် မာကျော သောကြီးမားသည့် ကျောက်တုံးအလေးချိန်ကို တောင်ပေါ်မှ တောင်အောက်သို့ ပြုတ်မကျစေရန် ထောက်ကူပေးထားသည်ဟုဆိုပါသည်။ မြတ်ဗုဒ္ဓ၏ တရားတော်များ ရေးထွင်းထားသည့် ကျောက်စာ ချပ်(၇၂၉)ခုတည်ရှိရာ ကုသိုလ်တော်ဘုရားသို့လည်း မဖြစ်မနေသွားရောက် ဖူးမြှော်ရပါမည်။ ထိုသို့ ရေးထွင်းနိုင်ရန် အချိန်ကာလအားဖြင့် (၈)နှစ်ကြာမြင့်ပြီး ထိုကျောက်စာများသည် ခရီးသွားထောင် ပေါင်း များစွာအား ကုသိုလ်တော်ဘုရားသို့ နှစ်စဉ်လာရောက်ဖူးမြှော်ရန် ဆွဲဆောင်လျက်ရှိပါသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မြန်မာနိုင်ငံသည် ပြည်နယ်(၇)ခု၊ တိုင်းဒေသကြီး(၇)ခုနှင့် ပြည်ထောင်စုနယ်မြေ(၁)ခုတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်အစိုးရအဖွဲ့များဖွဲ့စည်းထားပြီး အကြီးအကဲသည် ဝန်ကြီးချုပ်ဖြစ်ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝန်ကြီးများသည် အစိုးရအဖွဲ့ဝင်များဖြစ်ကြပြီး အစိုးရအဖွဲ့တွင်ဝန်ကြီးချုပ်၊ ဝန်ကြီးများ နှင့် ပြည်နယ်တရားလွှတ်တော်ရှေ့နေများပါဝင်ပါသည်။

ပြည်ထောင်စုနယ်မြေ

နေပြည်တော်

နေပြည်တော်ပြည်ထောင်စုနယ်မြေသည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သော နေပြည်တော် အနီး တစ်ဝိုက်ရှိ နယ်မြေများပါဝင်ပါသည်။ နေပြည်တော်တွင် ပြည်ထောင်စုပါလီမန်၊ တရားရုံးချုပ်၊ သမ္မတ အိမ်တော်၊ ဝန်ကြီးအိမ်ရာများ၊  ဝန်ကြီးဌာနများနှင့် စစ်တပ်တို့ တည်ရှိပါသည်။

တိုင်းဒေသကြီးများ

မြန်မာနိုင်ငံ၏ပြည်နယ်များ

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED