Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
မြန်မာ့ရိုးရာ – Tourism Myanmar
Skip to content

မြန်မာ့ရိုးရာ

မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ယဉ်ကျေးမှုများဖြင့် ကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ် သည်။ ခရီးသွားဧည့်သည်များအနေဖြင့် ယဉ်ကျေးမှုနဲ့ပတ်သက်သော အတွေ့အကြုံကောင်းများ ခံစားကြည့်လိုပါက မြန်မာနိုင်ငံသည် ခရီးသွားဧည့်သည်များကို ပျော်ရွှင်စေရန် ကတိပြုပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးရှိပြီး၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း စဉ်လာများကွဲပြားကြသည်။ အစားအစာ၊ ဝတ်စားဆင်ယဉ်မှု၊ ကိုးကွယ် ယုံကြည်မှု၊ အလုပ်အကိုင်နှင့် အခြားသောအရာများပေါ်တွင်မူတည်၍ကွဲပြားခြားနားကြသည်။ ခရီးသွားဧည့်သည်များအား မတူကွဲ ပြားသော မြန်မာ့ရိုးရာဓလေ့များကို လာရောက်ခံစားရန် ကြိုဆိုပါသည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ ဓလေ့ရိုးရာတစ်စိတ်တ‌စ်ဒေသကို လာ‌ရောက်ကြည့်လှည့်ပါ၊ ကျွန်ုပ်တို့ ဆက်ဆံရေးကို ခိုင်မြဲအောင် ဖန်တီးကြပါစို့။

လူသိများသော အနုပညာများနှင့် လက်မှုပညာများ

ရက်ကန်းအနုပညာ

ပိုးထည်နှင့် ချည်ထည် ရက်လုပ်ခြင်းလုပ်ငန်း

ပိုးထည်၊ ချည်ထည်ရက်လုပ်ခြင်းသည် အမရပူရနှင့် ပုဂံဒေသရှိ ဒေသခံများ၏ အဓိက အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုဖြစ်သည်။ ဝါဂွမ်းကိုများသောအားဖြင့် မြန်မာနိုင်ငံ အလယ် ပိုင်းတွင် အများဆုံးစိုက်ပျိုးကြသည်။ ပထမဦးစွာ လက်ဖြင့် လှည့်သောစက်ကို အသုံးပြုကာ ဝါဂွမ်းမှ ချည်မျှင်ထုတ်ယူ​ပြီးနိုင်ငံတကာအဆင့်မီ သစ်သားရက်ကန်းစင်ပေါ်တွင် အထည်များ ရက်လုပ်သည်။ လွန်းရာကျော်ချည်သည် လှပသော ပိုးထည်ဒီဇိုင်းများ ရက်လုပ်ရာတွင် အသုံးပြုပြီး ပိုးထည်များကို အထူးအခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိကြသည်။ လူသိများပြီး စိတ်ဝင်စားစရာကောင်းသော အိမ်တွင်းစက်မှုလုပ်ငန်းဖြစ်သောကြောင့်  တွေ့ကြုံခံစားသင့်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

အင်းလေးကန်ရှိ ကြာချည်ရက်လုပ်ခြင်းလုပ်ငန်း

အင်းလေး​ဒေသတွင် ထင်ရှားသော အရာတစ်ခုမှာ ကြာချည်ရက်လုပ်သည့်လုပ်ငန်းဖြစ်သည်။ ကြာချည်ရက်လုပ်ခြင်းသည် အင်းလေးကန်အနီးတွင် နေထိုင်ကြသော လူအများအတွက် အဓိက အလုပ်တစ်ခုဖြစ်သည်။  လွန်ခဲ့သောနှစ်ပေါင်းများစွာက အင်းလေးဒေသမှ အမျိုးသမီးများသည် ကြာပန်းများမှရရှိသည့်ချည်ကိုအသုံးပြု၍ အထည်အလိပ်များကို ရက်လုပ်ခဲ့ကြသည်။ ဤလုပ်ငန်းကို လုပ်ကိုင်သော ကျေးရွာများစွာအနက် ဖောကုန်းနှင့် ကျိုင်းခန်းကျေးရွာများသည် အကျော်ကြားဆုံး ဖြစ်သည်။ ဤလုပ်ငန်းများမည်သို့ပြုလုပ်သည်ကိုယင်းကျေးရွာများသို့ သွားရောက်လေ့လာနိုင်သည်။ လုပ်ငန်းတစ်ခုလုံးသည် အစမှအဆုံးအထိ အံ့သြဖွယ်ကောင်းသည်။ အမျိုးသမီးကြီးများသည် ကြာရိုးကို ဓားဖြင့် အပိုင်းလေးများဖြတ်၍ အမျှင်ထုတ်ယူကြသည်။ ထို့​နောက် ချည်မျှင်ရရှိရန် ယင်းအမျှင်များကို ရေစွတ်၍ လက်ဖြင့်လှိမ့်ကြသည်။ ကြာချည်မျှင်များကို ရက်လုပ်ရာတွင် ကြာရှည်ခံရန်အတွက်အထက်ပါအတိုင်းထပ်ခါထပ်ခါ ပြုလုပ်ကြသည်။ လုပ်ငန်းအဆင့်အားလုံးသည် ညီတူညီမျှအရေးကြီးသောကြောင့်အလုပ်သမားများသည်အလွန်စိတ်ရှည်ရန်လိုအပ်သည်။  ဤလုပ် ငန်းသည် လုပ်သားအင်အား များစွာအသုံးပြုရပြီး ကြာပန်းချည်မျှင်ဖြင့် ထုတ်လုပ်သော အထည်အလိပ်များသည် ကမ္ဘာ့စျေးအကြီးဆုံးပစ္စည်းများဖြစ်သည်။  လက်ဆောင်ပေးရန်အတွက် အကောင်းဆုံး ပစ္စည်းများလည်း ဖြစ်သည်။

တေးဂီတဆိုင်ရာ တူရိယာများနှင့် ရိုးရာအက

မြန်မာ့ရိုးရာအကများနှင့် ကျေးလက်ဓလေ့အကများ

အကသည် မြန်မာ့ယဉ်ကျေးမှု၏ ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုအဖြစ်အစဉ်အမြဲပါဝင်လျက်ရှိပါသည်။ ခန္တာကိုယ်၏လှုပ်ရှားမှု၊ စည်းချက်နှင့်အညီလှုပ်ရှားရ ကိုယ်နေဟန်ထားများသည် မြန်မာ့ရိုးရာ အကအလှ များ၏ ထူးခြားသော အသွင်အပြင်များဖြစ်ပါသည်။ မြို့ကြီးပြကြီးများရှိ အခမ်းအနားပွဲတော်များမှသည် စစ်ပွဲတစ်ပွဲ အစပြုသည်အထိ၊ တော်ဝင်အခမ်းအနားများအားလုံး၌ အကဖြင့်စ၍ အကဖြင့် အဆုံးသတ် ကြသည်။ ယနေ့အချိန်တွင် အကသည်နေ့စဉ်လူမှုဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် မင်္ဂလာဧည့်ခံပွဲများ၊ ဘုရားပွဲများ၊ ရှင်းပြုအလှူပွဲများတွင် အဓိက မပါမဖြစ်ပါဝင်လျက်ရှိပါသည်။ ဇာတ်သဘင်အကအလှများနှင့် သံစုံတီးဝိုင်းများက ကျေးလက်ဒေသဘုရားပွဲတော်များကို ပိုမို၍ စည်ကားသိုက်မြိုက်စေပါသည်။

မြန်မာ့ရိုးရာအက

မြန်မာ့ရိုးရာအကသည် နူးညံသိမ်မွေ့၌ပျော့ပျောင်းပြီး အသေးစိတ်အစီအစဉ်တကျ ပန်းအလှ သဏ္ဍာန်ရှိပါသည်။ မြန်မာ့ရိုးရာအကအလှ၏  ထူးခြားချက်မှာ ကကွက်တိုင်းသည် ပန်းပွင့်များပုံသဏ္ဍာန် ရေးဆွဲသကဲ့သို့  ရှိခြင်းကြောင့် ဖြစ်ပါသည်။ ကပြသူတစ်ယောက်သည် ပန်းတစ်ပွင့်ကို ကိုယ်စားပြုပါသည်။ ကပြသူ၏ ဦးခေါင်းသည်  ပန်းပွင့်၏အလယ်အုံ၊ လက်များသည် သစ်ရွက်များ၊ ခန္ဓာကိုယ်သည် ပန်းပွင့်၏ ပင်စည်သဏ္ဍာန်းပုံဖော်ထားပါသည်။ လေပြေလေညှင်းကလေးများ တိုက်ခတ်သည့်အခါ ပန်းပွင့်လေး များသည် အသက်ဝင်လာပြီး သဘာဝနှင့်လိုက်လျောညီထွေစွာ ဘယ်ညာယိမ်းနွဲ့၍ ကခုန်နေဟန် ရှိပါသည်။ ထိုကဲ့သို့ သန့်ရှင်းစင်ကြယ်သော အမူအရာများသည် မြန်မာ့ရိုးရာအက၏ အဓိကအခြေခံ အုတ်မြစ်ပင် ဖြစ်ပါသည်။

ကျေးလက်ဓလေ့အက

ဒေသအမျိုးမျိုးနှင့် ရာသီဥတုအမျိုးမျိုးအပေါ် အခြေခံ၍ မြန်မာ့ကျေးလက်အကသည် လယ်ယာ လုပ်ငန်း လုပ်ကိုင်နေကြသော ကျေးလက်နေ တောင်သူများ အသိုက်အဝိုင်း၌ ခွဲခြား၍မရသော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ ကျေးလက်ရိုးရာအကများသည် အများအားဖြင့်  နေ့စဉ်လူမူဘဝ လှုပ်ရှားမှုများကို ဖော်ကျူးထားသည့် သီချင်းစာသားများနှင့်အတူ လိုက်လျောညီထွေစွာ လှုပ်ရှားကပြရလေ့ရှိပါသည်။ လူသိများ ထင်ရှားသောအကမှာ ဦိးရွှေရိုးအက ဖြစ်ပါသည်။ ဦးရွှေရိုး ၏ ပုံမှာ လူကြီးလူကောင်းကဲသို့ ဝတ်စား ဆင်ယင်ထားပြီး နှုတ်ခမ်းမွေအရှည်တပ်ကာ၊ လက်တွင် ပုသိမ်ထီး တစ်ချောင်းကိုင်ကာ၊ လည်စည်း ကို လည်ပင်းတွင် ပတ်လျက် ပြောက်ကျားခေါင်းပေါင်း နှင့် တောင်ရှည်ပုဆိုးကွက်ကျားဝတ်၍ ကပြရသည်။ ကပြသည့်အခါ ဦးရွှေရိုး၏ မျက်နှာ အမှုအရာသည် ဆွဲဆောင်မှုရှိသော မိန်းမငယ်တစ်ဦးကို ရှာဖွေရာ တွေ့မြင်လိုက်ရ၍ ပိုးပန်းနေသည့် ပုံသဏ္ဍာန်သရုပ်ဆောင်ထားပါသည်။ သူ၏ လူကြိုက်များသော သရုပ်ဆောင်အမှုူအရာမှာ မိန်းမပျိုလေးကို တွေ့မြင်သွားသည့်အခါတွင် ဖြစ်ပေါ်လာသော ကို့ရိုကားယား အမှုအရာ ဖြစ်ပါသည်။

ခြင်းခတ်ခြင်း

ခြင်းခတ်ခြင်းသည် မြန်မာ့ရိုးရာအားကစားနည်းတစ်ခုဖြစ်သည့် ခြင်းခတ်ရာတွင် အသုံးပြုပြီး အားကစား နှင့် အကကို ပေါင်းစပ်ထားသည့် နည်းတစ်ခုဖြစ်ပါသည်။ ခြင်းခတ်သည့်ကစားနည်းသည် ယှဉ်ပြိုင်မှုမရှိသော ကစားနည်းတစ်မျိုးဖြစ်ပြီး ခြင်းဝိုင်းတစ်ဝိုင်းတွင် ပုံမှန်အားဖြင့် လူ ၆ ဦး ပါဝင်ကစားလေ့ ရှိကာ ပြိုင်ဘက်အသင်းများ မရှိပါ။ ယှဉ်ပြိုင်ကစားရသည့် ကစားနည်းမျိုးမဟုတ်သော်လည်း ကစားသမား တစ်ဦးစီတွင် ကျွမ်းကျင်မှုနှင့် အသင်းအဖွဲ့စိတ်ဓာတ်ရှိရန် အထူးလိုအပ်သော ကစားနည်းတစ်ခုဖြစ်ပါသည်။ ခြင်းခတ်ရာတွင် အသုံးပြုသည့် ခြင်းလုံးကို ကြိမ်ဖြင့် ယက်လုပ်ထားပါသည်။ ခြင်းလုံးကို ကစားသမား လက်ကိုအသုံးပြုခြင်းမရှိဘဲ ခြေထောက်ဖြင့် တစ်ဦးမှ တစ်ဦးသို့ ပေးပို့၍ စက်ဝိုင်းပုံစံ လှည့်ပတ် ကစားရခြင်းဖြစ်သည်။ ထိုသို့ကစားရာတွင် ခြင်းခတ်သူ ၆ ဦးအနက်   တစ်ဦးက စက်ဝိုင်း၏ အလယ်ဗဟိုတွင်နေ၍ အဓိက ခြင်းလုံးကို ကစားပေးပြီး အခြားသူများက ၎င်းခြင်းခတ်ကစားရန်အတွက် ၎င်းထံသို့ ပေးပို့ပေးရသည်။ ကစားပွဲ၏ အဓိကအရေးပါသော အချက်မှာ ခြင်းလုံးကို မြေပြင်သို့  မကျစေဘဲ  တတ်နိုင်သလောက် လေပေါ်တွင် ရှိနေစေရန် ဖြစ်ပါသည်။ ထိုသို့ကစားနေစဉ် မြန်မာ့ရိုးရာဆိုင်းဝိုင်းက ကစားသမားများ စိတ်အားထက်သန်စေသည့် သီချင်းသံစဉ်များကို တီးမုတ်ဖျော်ဖြေခြင်း၊ ခြင်းခတ်သူများ အကောင်းဆုံးကစားနိုင်ရန် ပရိတ်သတ်များက လက်ခုတ်ဩဘာများ ချီးမြောက်ခြင်းပြုကြသည်။ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးတွင်  ဝါဆိုခြင်းလုံးပွဲတော်ကို ခြင်းခတ်ရုံအသေးအတွင်း၌ နှစ်စဉ် နှစ်တိုင် ဝါဆိုလပြည့်နေ့အထိ တစ်လလုံး ကျင်းပကြသည်။

မြန်မာ့ရိုးရာတက်တူးထိုးခြင်း

တက်တူး (သို့မဟုတ်) ပါးရဲ ထိုးထားသော အမျိုးသမီးများသည် မြန်မာနိုင်ငံ၏ အဓိက ဆွဲဆောင်မှု တစ်ခုဖြစ်ပါသည်။ မြန်မာတိုင်းရင်းသားလူမျိုးစုများ၌ အခြားသောလူမျိုးစုများနှင့်မတူညီ ကွဲပြားခြားနား သည့် ကိုယ်ပိုင်တက်တူးပုံစံ ရှိကြသည်။ မည်သူမျှ တက်တူးပုံစံများ၏ မူလဇစ်မြစ်ကို မသိကြသော်လည်း ယူဆချက်တစ်ခုအနေဖြင့် ရှေးနှစ်ပေါင်းများစွာက အမျိုးသမီးများကို အိမ်နီးခြင်းလူမျိုးစုများက ဖမ်းဆီးခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်း ပြုလုပ်သည့်အခါ  အမှတ်အသားတစ်ခုအဖြစ် တက်တူးထိုးပေးခဲ့ကြကြောင်း  အဆိုရှိပါသည်။ အခြားဒဏ္ဍာရီတစ်ခုတွင် မြန်မာဘုရင်၏ တော်ကောက်ခြင်းမှ ရှောင်လွဲနိုင်ရန်အတွက် အမျိုးသမီး၏ အလှအပကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးစေရန် တက်တူးများကို ထိုးပေးကြကြောင်း သိရသည်။ ၁၂ နှစ်သမီးအရွယ်တွက် တက်တူးထိုးပေးကြသည်။ တက်တူထိုးလျှက် ၃ ရက်နှင့်အထက် ကြာမြင့်သည်။  ဝါးချွန် သို့မဟုတ် ဆူးချွန်ကို တက်တူးထိုးသည့် အပ်များအဖြစ် အသုံးပြုကြသည်။  တက်တူးထိုးသည့် မှင်ကို  နွားထီးသည်းခြေ၊ ကြပ်ခိုး၊ ဆေးဘက်ဝင်သစ်ပင်များနှင့်  ဝက်ဆီများကို ရောနှော၍ မှင်အဖြစ် အသုံးပြု ကြသည်။  ချင်းအမျိုးသမီးများသည် တက်တူးထိုးထားသည့် မျက်နှာများကြောင့် ထင်ရှား ကျော်ကြားသည်။ မျက်နှာတွင် တက်တူးထိုးသည့် ရိုးရာဓလေ့များသည့်   ပျောက်ကွယ်လုနီးရှိသော်လည်း ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်နှင့် ကန်ပက်လက်မြို့များတွင် ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။

မြန်မာ့ရုပ်သေးများ

မြန်မာ့ရုပ်သေးများ

မြန်မာ့ရုပ်သေးများသည် မြန်မာလူထုကြား ရှေးခတ်ရိုးရာ လူ့အသုံးဆောင် ပစ္စည်းတစ်ခုအဖြစ် အမြတ်တနိုး ဂုဏ်ယူစွာ အသုံးပြုလျက်ရှိသည်။ သင့်အနေဖြင့် အချိန်အနည်းငယ်ယူပြီး လေ့လာကြည့်လျှင် မြန်မာ့ဇတ်ပွဲများ၌ ပျောက်ကွယ်သွားပြီးဖြစ်သော အရာတစ်ခုကို ရှာဖွေတွေ့နိုင်ပါသည်။ ရုပ်သေးရုပ်များ၌ ၎င်းတို့၏ ကိုယ်ပိုင်ဇရိုက်လက္ခဏာနှင့် ကိုယ်ပိုင်ဇတ်ကြောင်းများ ရှိကြသည်။ အဆိုပါ ရုပ်သေးရုပ်များသည် လက်မှုအနုပညာ ကြွယ်ဝစွာဖြင့် လှလှပပဖန်တီးထားသော ရုပ်သေးရုပ်များသည် မြန်မာနိုင်ငံ၏ ဆန်းကြယ်သော အမှတ်တရပစ္စည်းများ ဖြစ်ကြသည်။ ရုပ်သေးရုပ်များကို ၁၈ ရာစု ကာလအတွင်းကပင် မင်းခမ်းမင်းနားပွဲတော်များ၌ ရုပ်သေးပွဲများတွင် ကပြဖျော်ဖြေခဲ့ကြသည်။

ရုပ်သေးအက

မြန်မာ့ရုပ်သေးသဘင်တွင် ရှင်ဘုရင်၊ မိဘုရား၊ နန်းတွင်းသူ၊ နန်းတွင်းသား၊ မင်းညီမင်းသား၊ လူရွင်တော်နှင့် တိရစ္ဆာန်များ ဇတ်ရုပ် ပါဝင်သော အရုပ် ၂၈ ရုပ်ရှိပါသည်။ ဇတ်လမ်းဇတ်ကွက်များကို ငါးရာငါးဆယ်၊ ဇာတကနိပါတ်တော်များနှင့် ရာမယန ဇတ်များကို အသုံးပြုကြသည်။ ရုပ်သေးဆရာ များသည်လည်း အနုပညာမြောက်စွာ ဖျော်ဖြေနိုင်ရန်အတွက် တေးသီချင်းများ၊ စကားပြောများဖြင့် အဓိက ဖျော်ဖြေပေးရသည်။ ရုပ်သေးဇတ်ပွဲများသည်  ပိုမိုရှားပါးလာပြီး ရုပ်သေး ဇတ်ရုံများသည် မြန်မာနိုင်ငံ အဝန်း၌ အနည်းငယ်မျှကျန်ရှိနေသေးသည်။ တိုက်ဆိုင်မှုရှိလျှင် မလွတ်တမ်း ကြည့်ရှုသင့်ပါသည်။

Popular in Myanmar

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED