Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ရွှေတိဂုံဘုရား – Tourism Myanmar
Skip to content

ရန်ကုန်မြို့

ရွှေတိဂုံဘုရား

သတိပြုရမည့်အချက်

လည်ပတ်ခွင့်ပြုချိန်                        –         နံနက်(၀၄:၀၀)နာရီမှ ည(၁၀:၀၀)နာရီထိ (ပိတ်ရက်မရှိ)

နောက်ဆုံးခွင့်ပြုချိန်                       –         ည (၀၉:၄၅)နာရီ

ဝင်ကြေး                                      –          အမေရိကန်ဒေါ်လာ(၈)ဒေါ်လာ(မြန်မာကျပ်ငွေ ၁၁,၀၀၀ ဝန်းကျင်)

ကြိုတင်သိထားသင့်သည့်အချက်     –          သောက်သုံးရေအလုံအလောက်ယူဆောင်သွားရန်လိုအပ်ပြီး နေရောင်ကာခရင်မ်လိမ်းပါ။ လုံခြုံသောအဝတ်အစားကိုဝတ်ဆင်ပါ။ ဘုရားမုခ်ဦးတွင် ဖိနပ်ချွတ်ရပါမည်။

သွားရောက်နိုင်သည့်နည်းလမ်း

သိင်္ဂုတ္တရကုန်းတော်အထိ တက္ကစီဖြင့်သွားရောက်နိုင်ပြီး ဘုရားဖူးပြီးအပြန်တွင် တက္ကစီအများ အပြားရှိသဖြင့် ငှားရမ်းစီးနင်းရန် အချိန်စောင့်ဆိုင်းရန်မလိုပါ။ တက္ကစီငှားရမ်းခမှာလည်း ဈေးနှုန်း သင့်တင်ပြီး မငှားရမ်းမီ ဈေးနှုန်းကြိုတင်ညှိနှိုင်းပါ။

သမိုင်းကြောင်း

ဤနှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိစေတီတော်သည် ဖူးမျှော်ရန် လက်မလွတ်သင့်သည့် ဘုရား တစ်ဆူဖြစ်ပြီး ဂေါတမမြတ်စွာ၏ဆံတော်နှင့် ပွင့်တော်မူပြီးသော ဘုရားများ၏ ဓာတ်တော်များကို ကိန်းဝပ်စေထားသော ခမ်းနားထည်ဝါသည့် စေတီတော်တစ်ဆူဖြစ်သဖြင့် သွားရောက်ဖူးမျှော် လည်ပတ်ခြင်းဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်ကို ပြီးပြည့်စုံစေမည်ဖြစ်ပါသည်။ သိင်္ဂုတ္တရ တောင်ကုန်းပေါ်တွင် ဉာဏ်တော် ၃၂၆ ပေမြင့်သောစေတီတော်တစ်ဆူရှိပြီး စေတီတော်အားစိန် အလုံးရေ ၄၀၀၀ ကျော်ဖြင့် မွမ်းမံတည်ဆောက်ထားသဖြင့် နေရောင်ခြည်အောက်တွင် သပ္ပါယ်စွာ ဖူးမျှော်ကြည်ညို နိုင်မည်ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော်သည် ဒေသခံများအတွက် အဓိကဘာသာရေး နေရာတစ်ခုအဖြစ်သတ်မှတ်ထားပြီး နှစ်စဉ်နှစ်တိုင်းဗုဒ္ဓဘာသာဝင်များသည် စေတီတော်အားပန်းများ ဆက်ကပ် ပူဇော်၍ သန့်ရှင်းသောနေရာ၌ တရားထိုင်ပြီးဆုတောင်းကြလေ့ရှိပါသည်။ ရွှေတိဂုံ စေတီ တော်သို့ လာရောက်ဖူးမျှော်စဉ်အတွင်း မြို့ခံများ၏ရိုးရာဓလေ့များနှင့် ဗုဒ္ဓဘာသာ၏ အရေးပါပုံကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ခရီးသွားများအနေဖြင့် ဒေသခံများ၏ ဘာသာရေးအဆောက်အုံများကို လေးစားသောအား ဖြင့် လုံခြုံသည့်အဝတ်အစားများဝတ်ဆင်သွားကြရန် အကြံပြုလိုပါသည်။

လာရောက်လည်ပတ်ရန် အကောင်းဆုံးအချိန်

စေတီတော်သည်နေ့ဘက်၌ထွန်းလင်းတောက်ပနေသော်လည်း ညဖက်တွင် သွားရောက် ဖူးမျှော်ပါက ပိုမိုတင့်တယ်သပ္ပါယ်စွာ ဖူးမျှော်နိုင်မည်ဖြစ်ပါသည်။ နံနက်စောစောတွင် နေရောင်ထွက် ကာစအချိန်သည် ဓါတ်ပုံရိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ နေ့ခင်းဖက်တွင် နေရောင်ပူပြင်း မှုကြောင့် ဓါတ်ပုံရိုက်ရန် ခက်ခဲမည်ဖြစ်ပါသည်။

PHOTO GALLERY

Video

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED