Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 216

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 240

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 247

Deprecated: Array and string offset access syntax with curly braces is deprecated in /Data/10.0.10.6/html/mm/wp-content/plugins/live-chat-by-supsystic/classes/helpers/SxGeo.php on line 248
ပြည်ဝင်ခွင့်ဗီဇာ – Tourism Myanmar
Skip to content

ပြည်ဝင်ခွင့်ဗီဇာ

ပြည်ဝင်ခွင့်ဗီဇာ

ပြည်ပနိုင်ငံသားများအနေဖြင့်မြန်မာနိုင်ငံသို့လာရောက်လိုပါက ၎င်းတို့နိုင်ငံမှ ထုတ်ပေးထား သော နိုင်ငံကူးလက်မှတ်နှင့်ပြည်ဝင်ခွင့်ဗီဇာ ပါရှိရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်ဝင်ခွင့်ဗီဇာ မူဝါဒကိုအောက်ပါအတိုင်းဖော်ပြအပ်ပါသည် ။

ဗီဇာကင်းလွတ်ခြင်း

အောက်ဖော်ပြပါနိုင်ငံများရှိနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ပြု ထားပါသည်။

ဘရူးနိုင်း၊ ကမ္ဘာဒီးယား၊ ဟောင်ကောင် – ခရီးသွားလာလည်ပတ်ရန်အတွက်သာ ဗီဇာ ကင်းလွတ်ခွင့်ပြုသည်၊ အင်ဒိုနီးရှား၊ ဂျပန် – ခရီးသွားလာလည်ပတ် ရန်အတွက်သာဗီဇာ ကင်းလွတ်ခွင့် ပြုသည်၊ လာအို၊ မကာအို – ခရီးသွားလာလည်ပတ်ရန်အတွက်သာ ဗီဇာကင်းလွတ်ခွင့်ပြုသည်။ ဖိလစ်ပိုင် ၊ စင်္ကာပူ ၊ တောင်ကိုရီးယား  –  ခရီးသွားလာလည်ပတ်ရန်အတွက်သာဗီဇာ ကင်းလွတ်ခွင့်ပြု သည် ၊ ထိုင်းနိုင်ငံ ( လေယာဉ်ဖြင့် လာရောက်သူများသာ ဗီဇာ ကင်းလွတ်ခွင့်ပြုသည်။) ၊ ဗီယက်နမ်

အထက်ဖော်ပြပါနိုင်ငံများရှိဗီဇာကိုင်ဆောင်သူများအနေဖြင့်စီးပွားရေးနှင့်လည်ပတ်ရန်အလို့ငှာ သတ်မှတ်ထားသော နေ့ရက်များအတွက်သာနေထိုင်ခွင့်ပြုသည် ။

ဆိုက်ရောက်ဗီဇာ

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ မှခွင့်ပြုထားသောနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အနေဖြင့် ရက်ပေါင်း ၃၀ အတွင်းကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်ဗီဇာကို ခွင့်ပြုပြီးဗီဇာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅၀ ပေးဆောင်ရမည်ဖြစ်သည် ။

အီလက်ထရောနစ်ဗီဇာ

မြန်မာနိုင်ငံအနေဖြင့်အီလက်ထရောနစ်ဗီဇာကို လုပ်ငန်းလုပ်ကိုင်ရန်နှင့် ခရီးသွားလာလည် ပတ်ရန်အတွက် သာခွင့်ပြုပြီးလျောက်ထားသည့်နေ့မှ ၃ ရက်အတွင်းခွင့်ပြုပေးကါ ထုတ်ပေးသည့်နေ့မှရက်ပေါင်း ၉၀ နေထိုင်ခွင့် ပြု ပါသည် ။ ထိုသို့ခွင့်ပြုရာတွင် ခရီးသွားလာလည်ပတ်ရန် ၂၈ ရက်နှင့် လုပ်ငန်းလုပ်ကိုင်ရန်ရက်ပေါင်း ၇၀ ခွင့်ပြုပေးသည်။ အီလက်ထရောနစ်ဗီဇာကြေးမှာ အမေရိကန် ဒေါ်လာ ၇၀ ကျသင့်ပြီးခရီးသွားလာလည်ပတ်ရန် ဗီဇာကြေးမှာ အမေရိကန်ဒေါ်လာ ၅၀ ကျသင့်ပါ သည် ။ အသက် ၇ နှစ်အောက် ကလေးငယ်များအတွက်ဗီဇာကြေး ပေးဆောင်ရန်မလိုပါ ။

အီလက်ထရောနစ်ဗီဇာ ကိုင်ဆောင်သူများသည် အောက်ဖော်ပြပါဝင်ပေါက်များမှသာ ဖြတ် သန်းဝင်ရောက် ရမည်ဖြစ်ပါသည်။

ရန်ကုန် ၊ နေပြည်တော် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များ ၊ မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ရှိ ကော့သောင်းနယ်စပ်ဂိတ်၊ မြဝတီနယ်စပ်ဂိတ်၊ တာချီလိတ်နယ်စပ်ဂိတ်၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိကောဒါနယ်စပ်ဂိတ် ၊ တမူး  နယ်စပ်ဂိတ်။

အီလက်ထရောနစ်ဗီဇာလျောက်ထားခွင့်ရသောနိုင်ငံများ

အခွင့်အရေးတစ်ရပ်အနေဖြင့်ဆိုက်ရောက်ဗီဇာ (သို့မဟုတ်) ဗီဇာကင်းလွတ်ခွင့်နှင့် အီလက် ထရောနစ် ဗီဇာလျောက်ထားခွင့်ရသောနိုင်ငံများမှာ-ဘရူးနိုင်း ၊ ကမ္ဘောဒီးယား ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ လာအို ၊ နီပေါ ၊ နယူးဇီလန် ၊ နော်ဝေ ၊ ဖိလစ်ပိုင် ၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံ ။

လုပ်ငန်းဗီဇာနှင့်ကမ္ဘာလှည့်ဗီဇာလျောက်ထားခွင့်ရသောနိင်ငံများ                

  အီးယူနိုင်ငံများအားလုံး ၊ ဩစတေးလျ ၊ ဘရာဇီးလ် ၊ ကနေဒါ ၊ ဟောင်ကောင် ၊ အိန္ဒိယ ၊ အစ္စရေး ၊  မြောက်ကိုရီးယား ၊ မကါအို ၊ မလေးရှား ၊ ရုရှ ၊ တောင်အာဖရိက ၊ ဆွစ်ဇာလန် ၊ ထိုင်ဝမ် ၊ ယူကရိန်း နှင့်အမေရိကန်နိုင်ငံများ။

လည်ပတ်ရန်အတွက်သာအီလက်ထရောနစ်ဗီဇာလျှောက်ထားခွင့်ရသောနိုင်ငံများ

အယ်လ်ဘေးနီးယား၊ အယ်ဂျီးရီးယား ၊ အာဂျင်တီးနား၊ ဘင်္ဂလားဒေရှ့် ၊ ဘီလာရပ်စ် ၊ ဘူတန် ၊ ဘိုလီဗီးယား ၊ ဘောစ်နီးယား နှင့် ဟာဇီဂိုဗီးနား ၊ ကင်မရွန်း ၊ ချီလီ ၊ ကိုလံဘီယာ ၊ ကိုစတာရီတာ ၊ ကိုတီဒ်ဗိုရီ ၊ အီကွေဒေါ ၊ အီဂျစ် ၊ အာရေးရှား ၊ ဖီဂျီ ၊ ဂျောဂျီယာ ၊ ဂါနာ ၊ ဂွာတီမာလာ ၊ ဂွာနီယာ ၊ အိုင်းစ်လန်း ၊ ဂျာမေကါ ၊ ဂျော်ဒန် ၊ ကါစ္စတန် ၊ ကင်ညာ၊ ကူဝိတ် ၊ ကါဂျစ်စတန် ၊ မော်လ်ဒိုက် ၊ မော်ရေရှပ်စ် ၊ အက္ကစီကို ၊ မိုနာကို ၊ မွန်ဂိုလီယား ၊ မော်ရော်ကို ၊ ပါကစ္စတန် ၊ ပနားမား ၊ ပီရူး ၊ ကါတာ ၊ ဆော်ဒီအာရေးဗီးယား ၊ဆားဘီးယား ၊ သီရိလင်္ကာ ၊ တူရကီ ၊ ယူဂန်ဒ္ဓါ ၊ ဥရုဂွေး ၊ ဥဘက်ကစ္စတန် ၊ ဗန်နီဇွဲလား ။

ဗီဇာလျှောက်ထားရာတွင် ဆောင်ရွက်ရမည့်အချက်များ

အစိုးရ၏တရားဝင်ဖော်ပြထားသော ဝက်ဘ်ဆိုဒ်စာမျက်နှာ http://evisa.moip.gov.mm တွင်ဝင်ရောက် ကြည့်ရှု့၍အီလက်ထရောနစ်ဗီဇာလျှောက်ထားနိုင်သည် ။

ကမ္ဘာလှည့်ခရီးသွားဗီဇာ

ကမ္ဘာတဝန်းရှိမည်သည့်မြန်မာသံရုံး၌မဆို ကမ္ဘာလှည့်ခရီးသွားဗီဇာကို လျှောက်ထားရယူနိုင် သည်။ လုပ်ငန်းဗီဇာ၊ အခြားဗီဇာအမျိုးအစားများနှင့် အမြဲတမ်းနေထိုင်ခွင့်တို့ကို မြန်မာသံရုံးမှ ထုတ် ပြန်သောသတင်းအချက်အလက်များအရ အောက်ဖော်ပြပါလင့်ခ်တွင် ကလစ်နှိပ်၍ ကြည့်ရှု့နိုင်ပါသည် ။        http://www.mewashingtondc.org/content/visa-and-permanent-residency

ဆက်သွယ်ရန်

ရုံးအမှတ် (၃၃), ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန, နေပြည်တော်မြို့, မြန်မာနိုင်ငံ

+၉၅ ၆၇ ၃၄၀ ၆၄၅၈,

+၉၅ ၆၇ ၃၄၀ ၆၂၄၇, +၉၅ ၆၇ ၃၄၀ ၆၁၂၉

© COPYRIGHT 2020. ALL RIGHTS RESERVED